Uni..
"ရှောင်းကောကော! "
"လုလု!! အခန်းထဲကို တံခါးခေါက်ပြီးမှဝင်ဖို့ ကောကောပြောထားတယ်လေ.."
သရဲမျက်နှာဖုံးတုကြီးကို ကိုင်ပြီးခြောက်လှန့်နေတဲ့ လုလုကိုကိုယ်အော်လိုက်မိတယ်။ လုလုက ကိုယ့်ရဲ့အဖေတူအမေကွဲ ညီမလေး ။
"ကောကောကို စချင်လို့လေ..။ ဒီမှာကြည့် ကောကောမကြောက်ဘူးလား "
လက်ထဲကမျက်နှာဖုံးကို နောက်တစ်ခါကပ်ပြရင်း လုလုကရှေ့တိုးလာတယ်။
"သွားသွား.. အခန်းပြင်ကိုသွားတော့ ကောကောအဝတ်လဲမလို့ "
"ကောကောကဘယ်သွားမလို့လဲ.. လုလုလည်းလိုက်မှာ.. "
တံခါးဝမှာ ရပ်နေတဲ့လုလုကို အခန်းအပြင်ကို တွန်းထုတ်လိုက်ရင်း..
"မရဘူး..။ ကောကောက ဝမ်ရိပေါ်ဆီသွားမလို့ "
"ဝမ်ရိပေါ်ဆီလား.. "
လုလု့အသံကြောင့် တံခါးပိတ်တော့မယ့် ကိုယ့်လက်တွေက ရပ်တန့်သွားတယ်။
"အင်.. ဝမ်ရိပေါ်ကို သိလို့လား "
"သိတာပေါ့.. ဝမ်ရိပေါ်က ကျောင်းမှာ နာမည်ကြီးလေ.. ။ ဒါပေမဲ့ ဝမ်ရိပေါ်က တစ်မျိုးကြီးပဲနော်.."
"ဘာကိုတစ်မျိုးကြီးလဲ "
"ကောကောဆီကို လုလုလာရင် သူ့မျက်လုံးတွေက.. .. ဘယ်လိုပြောပြရမလဲ.."
"....."
လုလုက သူ့ခေါင်းကိုလက်နဲ့ကုတ်လိုက်ရင်း...
"လုလုလည်းမသိတော့ဘူး.. ဟီး.. "
ဒုန်း !
ရှေ့တိဆံပင်တွေအောက်မှာ မျက်လုံးကို မှေးနေအောင်ရယ်ပြနေတဲ့ လုလုကို တံခါးပိတ်ထားလိုက်တယ်။
ဒီကလေးမက အချိန်တွေကို အလဟဿဖြစ်စေတယ်။
.
.မြို့စွန်က gay barမှာ ဝမ်ရိပေါ်က မှောက်နေခဲ့တယ်။
အနက်ရောင်တွေအစား အပြာရောင်တွေကို ပြောင်းလဲခြယ်လှယ်ထားတဲ့ ဂုတ်ထောက်ဆံပင်တွေကို လက်တစ်ဖက်က ပွတ်သပ်နေတယ်။ ဝမ်ရိပေါ်ရဲ့ နားရွက်တွေ၊ ပါးတွေကိုလည်း အဲ့ဒီ့လက်တစ်ဖက်ကပဲ ပွတ်သပ်နေတယ်။
YOU ARE READING
𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed]