NC - 3

2.8K 250 7
                                    

Uni..

မနက်ပိုင်းစာသင်ချိန်တွေ မစခင်မှာ အဖြူရောင်လေးက ကိုယ့်ရှေ့ကရေရင် လေးခုံမြောက်မှာ ဆင်းထိုင်နေတယ် ။ ကိုယ်တို့ကြားမှာတော့ ခုံသုံးခုံခြားတာပေါ့ ။

အတန်းတက်ဖို့လိုသေးတာမို့ စာသင်ခန်းထဲမှာ ကျောင်းသား၊ ကျောင်းသူအနည်းစုသာရှိတယ် ။

လွန်ခဲ့တဲ့ညကအခြေနေတွေကြောင့် ကိုယ်တို့နှစ်ယောက်ရင်းနှီးသွားလောက်ပြီလို့ ထင်ထားပေမဲ့ တကယ်တမ်းမှာတော့ ကိုယ်တို့ကစိမ်းသက်နေတုန်း ။

ပီကေကိုတဖောက်ဖောက် အသံမြည်အောင် ပြုမူနေတဲ့ မင်းနှုတ်ခမ်းလေးကနေ ကိုယ့်နာမည်ခေါ်သံလေးကို ကြားချင်မိပါ​သေးရဲ့ ။

မထူမပါးကျောင်းသုံးစာအုပ်လေးကို လက်ချောင်းထိပ်ပေါ်တင်ပြီး လှည့်နေတဲ့ မင်းလက်လေးကိုမြင်တော့ ထိတွေ့ဖူးတဲ့ လက်ဖျားတွေရဲ့ နွေးထွေးခြင်းနဲ့အေးစက်ခြင်းတွေကို သတိရမိသေးတယ် ။

ဘုတ်.. !

မင်းလက်ပေါ်ကစာအုပ်လေးက စားပွဲပေါ်ပြုတ်ကျသွားတယ် ။ ပြီးတော့ မင်းကကိုယ့်ကိုစိုက်ကြည့်နေတယ် ။

ခပ်တည်တည်မျက်နှာဘေးနဲ့ စိုက်ကြည့်နေတဲ့မင်းကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကိုယ်တကယ်ကြီးမသိဘူး ။ ကိုယ့်အထင် မင်းကို​​ပြန်ကြည့်နေတဲ့ ကိုယ့်ပုံစံကအနည်းအကျဥ်းတော့ အူကြောင်ကြောင်နိုင်နေလိမ့်မယ် ။

မှန်တွေရှေ့မှာရပ်ရင် တူညီတဲ့ပုံရိပ်ယောင်လေးပေါ်​စေတာက မှန်တွေရဲ့တုံ့ပြန်မှုဖြစ်တယ် ။ မှန်တွေဘက်ကစတင်ပြီးတော့ ပုံရိပ်ယောင်တွေ ဖော်ပြလေ့မရှိဘူး ။

မှန်ချပ်လမ်းစဥ်ကို ကျင့်သုံးတဲ့ကိုယ်က မင်းနဲ့ကျမှ တူညီတန်ပြန်သက်ရောက်မှုတွေအကြောင်းကို မေ့တတ်လာပြီ ထင်ပါတယ် ။

ကိုယ်ဘက်ကအရင် မင်းကိုပြုံးပြမိတာ အကြိမ်ကြိမ်ပဲလေ ။ မင်းဆီကပြန်လာမဲ့အပြုံးလေးကို စောင့်နေဆဲမှာပဲ ကိုယ်ရှေ့ခုံမှာ ကုချောင်ကဝင်ထိုင်လိုက်တယ် ။ အခုတော့ ကိုယ်တို့နှစ်ယောက်ကြားမှာ လူတစ်ယောက်ခြားသွားပြီပေါ့ ။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now