_1_

615 68 8
                                    

~1~
ရေလှိုင်းတို့နဲ့အတူငှက်အော်သံတို့ကြားရှိနေသောပင်လယ်ပြင်
သာယာနေပေမယ့်  ကပ္ပတိန်ဖြစ်တဲ့တစ်ဉီးသောလူမှာစိတ်ပူပန်စရာရှိနေသည့်ဟန်...
"Jonny ငါတို့ဂွမ်ဂျူဘက်ကတိုက်ထားတဲ့ပစ္စည်းတွေနဲ့ငါးလှေတွေသူတို့ဖြတ်ယူသွားတယ်ပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်ကပ္ပတိန် ကျွန်တော်တို့သတိလွတ်သွားတာပါ ဒီကောင်တွေအလစ်ကိုစောင့်ပြီး လူအင်အားနည်းတဲ့ချိန်တိုက်ချသွားတာ"
"တောက် ကောင်းရောကွာ မင်းတို့အဲ့ပစ္စည်းတွေဘယ်လောက်အဖိုးတန်တယ်ထင်လဲ

စောက်သုံးမကျတဲ့ကောင်တွေ jindoကျွန်းဘက်ညနေထွက်မဲ့ လှေပေါ်ငါပါလိုက်မယ်လို့ပြောထား
ငါ့လက်ချက်နဲ့အကုန်သေကုန်တော့မှာပဲ အခုတော့ခွင့်လွှတ်ပေးလိုက်မယ်သတိထားနေကြ"
"ဟုတ်ကဲ့ပါကပ္ပတိန်"

ဂျွန်တစ်ယောက်လှေကြီးပေါ်တွင် jindoဘက်သို့အစီစဉ်တကျပစ္စည်းများသွားတိုက်ရန်မြေပုံကိုကြည့်နေသည်
ညနေသို့ရောက်ရန်အချိန်တွင်
"အားလုံး လှေပေါ်တက်ကြမယ် ရွက်လွှင့်ဖို့အဆင်သင့်ပြင် ပစ္စည်းတွေစုံပြီလား သတိသေချာထားကြမယ်နော်"
"yes!! ကပ္ပတိန်"
ညနေနေရီပျိုးပျချိန်လေးနဲ့ပင်လယ်ပြင်လှိုင်းကြက်ခွပ်လေးများကပန်းချီကားတစ်ချပ်သဖွယ် အဖွဲ့သားများကအပျော်တမ်းငါးဖမ်းဖို့ပိုက်ကွန်များလဲချလျက်

လှေဉီးထိပ်တွင်သီချင်းငြီးလျက်ထိုင်နေသောဂျွန်ဟာ ခန့်ညားခြင်းအပြည့်ဖြင့်
ဂုတ်လောက်ရှိသောဆံပင်ကိုတစ်ဝက်စီးကာတစ်ဝက်ချထားကာဝတ်ရုံအနက်ခြုံထားပြီးချောမောသောရုပ်ရည်အဆင်းဖြင့် အပျိုလေးများကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သည့်ဓားပြဗိုလ်လေးဂျွန်ဂျောင်ကုပါပေ
ထိုစဉ်
"ဟေးး ဒီမှာဘာကြီးလဲမသိဘူးငါးအကြီးကြီးမိထားတယ်ကွ လာကြည့်ကြဟေး"
"ဟာ ဟေ့ကောင် အမှီးကြီးကတော့အကြီးကြီးပဲဟငါးတွေနဲ့ရောနေတော့သေချာလဲမမြင်ရဘူး ငါတို့တော့ပွပေါက်တိုးတာပဲ ရောင်းစားရင် ရွှေပြား၅ပြားတော့အသာလေး ဒါကိုကပ္ပတိန်မမြင်အောင်ဖွက်ထားကြရအောင်"
"အေး ဟုတ်တယ်လှေဝမ်းဗိုက်ထဲကိုအသာလေးထည့်ထားကြဘယ်သူမှသိမှာမဟုတ်ဘူးမှောင်လဲမှောင်နေပြီရယ်"
ဘုန်းး!!
"ဟေ့ကောင် သေချာလုပ်ကွကြားသွားမယ်"
"အေးပါဟ မမြင်ရလို့ပါ"
"ဟေ့ကောင်တွေအလုပ်မလုပ်ဘဲဘာလုပ်နေကြတာလဲ လာကြစမ်း"
"လာပါပြီ ကျွန်တော်တို့ ငါးဖမ်းတဲ့ကွန်ဖြုတ်နေတာပါကပ္ပတိန်"
"အေး ပြီးရင်လဲ သတိထားကြ ဟိုကောင်တွေကအလစ်ဝင်တိုက်နေမယ်"
"ဟုတ်ကဲ့"

𝑴𝒚𝒔𝒕𝒆𝒓𝒚 𝒐𝒇 𝑩𝒍𝒖𝒆 𝑺𝒆𝒂Where stories live. Discover now