unicode
"မင်ဟို ဒီနေ့ငါသွားစရာရှိတယ် ဒီကောင်လေးကိုသေချာကြည့်နေ ကြားလား"
"ဟုတ်ကဲ့ ဆရာ ကျွန်တော်ကြည့်ထားလိုက်ပါ့မယ် ဟဲဟဲ"
ငုတ်တုတ်လေးထိုင်နေသည့်မျက်ဝန်းဝိုင်းလေးနှင့်ကောင်လေးငယ်မှာ ဂျွန့်ကိုဘယ်မှမသွားစေချင်ရှာပုံ
ဂျွန်ထွက်သွားပြီးခနအကြာ သူပျင်း၍လာသည်ခြံထဲခနလောက်သွားကြည့်ရန်ဆင်းလာခဲ့သည်
တစ်ခြံလုံးကိုပတ်ကြည့်နေရင်းအိမ်နောက်ကိုရောက်တော့ရေကန်ကြီးတကန်ကိုတွေ့လိုက်ရသည် တစ်လှမ်းချင်းစီလှမ်းရင်းသတိလက်လွတ်ရေကန်ကြီးထဲဆင်းမည်အလုပ်
"ဟိုကောင်လေး ဘာလုပ်နေတာလဲ ရေထဲပြုတ်ကျနေမှ ငါ့ကိုဆရာကဆူနေမှာ မင်းပျင်းနေရင် TVလာကြည့်လေ"
ဘာမှန်းမသိ ပြူးတူးလေးလိုက်လာပြီး မင်ဟိုဖွင့်ထားသည့်အတိုင်းဇာတ်ကားကိုကြည့်စေသည်
tvမှာလာနေသည့်အက်ရှင်ကားကိုမျက်တောင်မခတ်ဘဲကြည့်နေသည်မှာ အလွန့်ကိုစိတ်ဝင်စားနေဟန် ဇာတ်ကားထဲမှမင်းသားပြောသလိုကိုလဲ ပါးစပ်မှအသံမထွက်ဘဲ နှုတ်ခမ်းလေးဆူပြီး ပွစိပွစိလိုက်ကာပြောသည်
မင်ဟိုခမျာထိုခလေးဆန်သောကောင်လေးကိုကြည့်ရင်း အူယားလွန်း၍ ဆွဲဖဲ့ချင်စိတ်ကိုထိန်းရသည်
၁နာရီလောက်အကြာ အပြင်မှဂျွန်ကရောက်လာတော့သည်
"ဆရာ ပြန်လာပြီလား ပြန်လာမှဘဲ ကျွန်တော်လဲ ဒီမျောက်မူးလဲလေးကိုမနိုင်ပါဘူးဗျာ ရေကန်ထဲဆင်းမယ်လုပ်နေလို့ ဇာတ်ကားပြထားတာ တစ်ယောက်ထဲပွစိပွစိနဲ့ ခုထိုင်လိုက် ခုမတ်တပ်ရပ်လိုက် မျက်စိကိုမူးသွားတာပဲ"
"မင်း သူ့ကိုပဲလိုက်ကြည့်မနေနဲ့ ငါအပြင်ကမောလာတယ် စားဖို့သောက်ဖို့သွားပြင်ထား"
"ဟုတ် ဆရာ"
"ကဲ အမောင်ကင်ထယ်ယောင်းဟိုဘက်တိုး ဘာကားကြည့်နေတာလဲကွာ နားကိုငြီးနေတာပဲ"
ဘေးကremoteကိုယူပြီးလှမ်းပိတ်လိုက်တော့ သြရှရှအသံလေးတစ်သံရုတ်တရက် ကြောင်ပြီးကြည့်နေမိသည်