unicode
"သူက ကိုယ်နဲ့စေ့စပ်ထားသူပါထယ်.."
ဂျောင်ဂုရဲ့စကားကိုကြားပြီးရင်ဘတ်ထဲဆူးဆောင့်လာသလိုမျက်ရည်တွေလဲ၀ဲလာရသည် ဒီအိမ်မှာနေတာ၂လလောက်ပဲရှိသေးသည်ဆိုပေမယ့် သူ့အပေါ်သံယောဇဥ်တွယ်တာထက်ပိုနေတာအမှန်ပင်
ကိုယ့်ဘ၀မှန်ဘယ်ချိန်ပေါ်သွားမလဲ ထိတ်လန့်နေရင်းကနေ ဒီလူသားကိုအားကိုးချင်မိခဲ့သည် အခုတော့ ထိုသူမှာသူနဲ့မတိုင်ခင်ထဲကစေ့စပ်ထားတဲ့သူရှိသည်တဲ့
ဘာတစ်ခွန်းမှမပြောဘဲ မျက်ရည်များ၀ဲကာအခန်းထဲသို့သာပြေး၀င်သွားသောထယ်ယောင်းကိုကြည့်ရင်း ရင်ထဲမှာတစ်မျိုးဖြစ်သွားတာတော့အမှန်
ကိုယ်မရောက်ခင်ထဲက ဒီကောင်လေးကိုjessicaကဘာတွေပြောလိုက်မှန်းမသိ
jessicaနဲ့ကိုယ်ကစေ့စပ်ထားတာကြာပြီဆိုပေမယ့် ဆက်ဆံရေးကခပ်တန်းတန်းသာရှိသည် jessicaကသာတစ်ဖက်သတ်ဖြစ်နေပြီး ကိုယ့်အတွက်တော့သူငယ်ချင်းဘ၀မှအဆင့်တက်ကာသူမအဖေကကြိုတင်စေ့စပ်ပေးထားခြင်းကြောင့် ကိုယ့်စိတ်ဆန္ဒတော့သိပ်ပါသည်တော့မဟုတ်"ထယ်ယောင်းကဘာဖြစ်သွားတာပါလိမ့်"
မင်ဟိုပြောသံကိုလျစ်လျူရူပြီးသူမကိုသာနေဖို့အခန်းစီစဥ်ခိုင်းပြီး ရေမိုးချိုးရတော့သည်
ရေချိုးပြီးသည်အထိအခန်းထဲမှထွက်မလာသောကောင်လေးကို သွားခေါ်ဖို့ လုပ်ရမည် သူ့ဘက်ကစိတ်ကောက်နေရင်လဲချော့ရဦးမည် ကိုယ်ကအကြီးမဟုတ်ပါလား
"ထယ်...ထယ်ရေ ထမင်းစားကြမယ်လေကွာ ခနလောက်ထွက်ခဲ့ပါအုံး စိတ်ကောက်နေတာလား ခလေးက ကိုယ်၀င်ခဲ့မယ်နော်"
"၀င်မလာနဲ့ လူယုတ်မာကြီး အီးဟီးဟီး"
ခေါင်းအုံးပေါ်မျက်နှာအပ်ထားပြီးငိုသံကြီးဖြင့်ဗလုံးဗထွေးပြန်ပြောသော ထယ်ယောင်းရယ်
ဂျောင်ကုမှာရယ်လိုက်လျှင်လဲပိုကောက်သွားမည်စိုး၍ရယ်ချင်စိတ်ကိုအောင့်ပြီးအထဲသို့၀င်လာခဲ့လိုက်သည်
အိပ်ရာပေါ်မှာခေါင်းအုံးပေါ်မျက်နှာမှောက်၍အာဗြဲကြီးနှင့်အော်ငိုနေသောကလေးလူကြီးလေးကိုတစ်ဖက်သို့မျက်နှာပေါ်အောင်ဆွဲလှန်ပြီးမျက်ရည်တွေနှပ်ချီးတွေကိုသုတ်ပေးရသည်
"ဘာလို့အဲ့လောက်ငိုနေတာလဲထယ်ယောင်းရယ် ကိုယ်ဘာလုပ်မိလဲပြောလေ ကိုယ်ကထယ်စားချင်တဲ့မုန့်တွေအများကြီး၀ယ်ကျွေးပြီးချော့မယ်လေနော် နော်"