ရင်၌ပျိုးသောအမုန်းပန်း
~~~~~~~~~~~~~~~~~~~~~~လမ်းဘေးမုန့်ဆိုင်ရှေ့တွင် အော်ငိုနေသောကလေးငယ်တစ်ယောက်
"ဟေ့ ကလေး ဘာဖြစ်လို့ငိုနေတာလဲဟင် အကို့ကို့ပြော"
နူးညံ့သောအသံကြား၍ထင် မော်ကြည့်လာသောထိုကလေးငယ်
ငိုထားသောကြောင့်မျက်လုံးလေးတွေဖောင်းကစ်နေပြီး နှာသီးလေးတွေကအစရဲနေသည်မှာ စတော့ဘယ်ရီသီးအလား
ချစ်စဖွယ် ကလေးငယ်ကြောင့် ဂျောင်ကုရင်ထဲ ကြည်နူးမိသည်
ဤကလေးငယ်သည် ချစ်ဖို့ကောင်းလွန်းပါသည်မဟုလော"ထယ်ထယ်က စတော်ဘယ်ရီသီးစားချင်လို့ ဝယ်စားတာ
ပိုက်ဆံကျပျောက်ကျန်ခဲ့လို့
အန်တီကစတော်ဘယ်ရီသီးမပေးဘူး ဟင့်"ရှိုက်သံပိစိလေး နှင့်ပြောနေသောကလေးငယ်သည် အလွန်ချစ်စဖွယ်
"အော် အာ့ကြောင့်အာပြဲကြီး အော်ငိုနေတာလား ဟင်"
စနောက်လိုက်တော့ ပိုလို့အတိုးချကာငိုသော ထိုကလေးငယ်ကြောင့် ပြန်ချော့ရတော့သည်
"ကဲ ကဲ မငိုနဲ့နော် ဒီကထယ်ထယ်လေး စားချင်တဲ့ စတော်ဘယ်ရီသီးကို ဟောဒီက ကိုကိုကဝယ်ကျွေးမယ် နော်"
"ဟုတ် ဟီး"
လေးထောင့်ဆန်သောအပြုံးတို့နှင့် ပြံးပြပါသော ထိုကလေးငယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"အား "
"!ခွမ်း!"
ကြမ်းပြင်တွင်ကျကွဲသွားသောဖန်ခွက်ငယ်
"အဲ့ဒီ ရွံစရာအကောင်က ဘာလို့ငါ့စိတ်ထဲရောက်နေရတာလဲ!
ကင်မ်ထယ်ယောင်း! မင်းကိုငါအရမ်းမုန်းတယ် တောက်!
မင်းကိုငါလက်ထပ်မယ် ချစ်လို့တော့မဟုဘူး ဟက်
တွေ့ကြသေးတာပေါ့"ဂျွန်အိမ်တော်
~~~~~~~~~~~~'"အဖေ ကျတော် သဘောတူတယ် ကင်မ်ထယ်ယောင်းနဲ့လက်ထပ်ဖို့"
"သား တကယ်လား အဖေပျော်လိုက်တာကွာ
သားငယ်လေးထယ်ယောင်းက လိမ္မာတဲ့ကလေးပါကွာ'"ဟုတ် ကျတော်သိပါတယ်
တစ်ခုတော့တောင်းဆိုမယ် လက်ထပ်ပြီးရင် အိမ်ခွဲနေမယ် မဟုရင် လက်မထပ်နိုင်ဘူး""အိမ်ခွဲနေမယ်ဆိုလည်း နေပေါ့ နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပေါ့ ဟားဟား"
အဖေဖြစ်သူကိုကြည့်ပြီး ဟန်ဆောင်ပြုံးနေလိုက်သည် စိတ်ထဲတွင်တော့ အစီစဉ်တစ်ချို့နှင့်ပေါ့
Wedding Day🐯🐰
~~~~~~~~~~~~~~~~~~ခမ်းနားကြီးကျယ်သော မဂ်လာပွဲကြီးထဲရှိ သတိုးသားနှစ်ယောက်လုံးတွင် ရည်ရွယ်ချက်မတူသော အပြုံးကိုယ်စီဖြင့်
"သတိုးသား ဂျွန်ဂျောင်ကုသည် သတိုးသား ကင်ထယ်ယောင်းအား သေသည်အထိသစ္စာရှိစွာ ပေါင်းသင်နိုင်ပါသလား"
"Yes,I do."
တွေဝေခြင်းမရှိ ပြတ်သားစွာဖြေလာသောဂျောင်ကုကြောင့် ထယ်ယောင်းကြည်နူးရပါသည်
အခုဆိုရင် သူသိပ်ချစ်တဲ့မောင်ဟာ သူ့လက်တွဲဖော်ဖြစ်လာတော့မယ်လေ"သတိုးသား ကင်ထယ်ယောင်းသည် သတိုးသား ဂျွန်ဂျောင်ကုအား သေသည်အထိသစ္စာရှိစွာ ပေါင်းသင်းနိုင်ပါသလား"
"Yes,I do."
တက်ကြွစွာပြန်ဖြေမိသည်
ထို့နောက် လက်သူကြွယ်ပေါ်သို့ ရောက်ရှိလာသော ရိုးရှင်းသောလက်စွပ်လေး
စိန်တို့မပါ ကျောက်တို့မပါသော ထိုလက်စွပ်အား မောင်ကိုယ်တိုင် ဝယ်ယူခဲ့သည်ဆိုသောအသိကထယ်ယောင်းအားအတိုင်းမသိပျော်ရွှင်စေသည်"သတိုးသားနှစ်ယောက် အကြင်လင်လင်ဘဝသို့ရောက်သွားပါပြီ အနမ်းပေး နိုင်ပါပြီ"
ထို့နောက် နှုတ်ခမ်းနုနုပေါ်သို့ ကျရောက်လာသော မောင့်နှုတ်ခမ်းပါး နွေးနွေး
'ချစ်တယ်မောင် 'ဟုစိတ်ထဲကသာရေရွတ်မိတယ်
မျက်ရည်တစ်စက်ကတော့ မြေသို့သက်ဆင်းခဲ့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ မောင်က ထယ့်ကိုချစ်ပါတယ်
အတ္တအမှားတွေက မောင့်အချစ်ကိုဖုံးကွယ်ထားတာပါ
ထယ့်ရဲ့ မေတ္တာတွေနဲ့ မောင့်အတ္တတွေကို ဖယ်ရှားပေးပြီး
ဒဏ်ရာတွေနဲ့မောင့်နှလုံးသားကို ကုစားခွင့်ပြုပါ
မောင်က ထယ့်ရဲ့အရှင်
အရှင့်အပါး အမြဲခစားမည့် နှလုံးသားကျွန်ပါလေ~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#Bohrae💜
Taekook is more than real.
29.1.22
~ စာမေးပွဲတွေကဆက်နေလို့ အပ်ပေးတာကြာတာရယ် စိတ်ဆိုးကြပါနဲ့နော်😘

YOU ARE READING
🌹ရင်၌ပျိုးသော အမုန်းပန်း🌹
Casualeငါကရက်စက်တယ် မင်းကိုမုန်းတယ် မင်းကငါ့ရင်ထဲပျိုးထားတဲ့ အမုန်းပန်းဘဲ🌹