ရင်၌ပျိုးသောအမုန်းပန်း
~~~~~~~~~~~~~~~~~~~~~
ထယ်ယောင်းနှင့်ဂျောင်ကုတို့၏မဂ်လာပွဲသည်
အောင်မြင်စွာပြီးဆုံးခဲ့ပြီ။ယခုဆိုလျှင် ဂျောင်ကုဟအဖေ ဂျွန်သခင်ကြီး လက်ဖွဲ့ထားသော အိမ်သို့ပြောင်းလာခြင်းပင်~
"သား သားတို့နေဖို့အတွက် အဖေဒီအိမ်လေးလက်ဖွဲ့တယ်ကွာ
အိမ်ဆိုတာက ပျော်ရွှင်ခြင်းတွေရှိတဲ့သိုက်မြုံယံကိုဘဲခေါ်တာ
ဒါကြောင့် နှစ်ယောက်လုံးပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုဖန်တီးကြ ဟုတ်ပြီလား""ဟုတ်ကဲ့ ဉီးလေး"
ထယ်ယောင်းဖြေမိတော့ ခနဲ့သော အသံဖြင့်ရယ်သောဂျောင်ကု
"ဟက်! အဖေက အများကြီးမှန်းထားတာဘဲ စိတ်ချပါဗျာ အဖေ့ဆုတောင်းပြည့်ရမှာပါ"
"အဟား ဒါပေါ့ အဖေ့သားကို အဖေကအပြည့်အဝယုံကြည်တာပေါ့ကွာ"
ထယ်ယောင်းတစ်ယောက်ကတော့ ဘာမှဝင်မပြောဘဲသာငြိမ်နေလိုက်တော့သည်။
နောက်ဘာဆက်ဖြစ်လာမည်ဆိုတာကို မခန့်မှန်းမိတော့...ညနေရောက်တော့ ဂျောင်ကုအဖေ ပြန်သွားလေသည်။
အိမ်ကြီးထဲတွင်ဂျောင်ကုနှင့်ထယ်ယောင်း နှစ်ယောက်တည်း
အိမ်ဖော်များပင်ခေါ်ခွင့်မပေးသော ဂျောင်ကုကြောင့် ထယ်ယောင်းအံ့ဩမိသည်။ထယ်ယောင်းတစ်ယောက်အတွေးလွန်နေတုံး...
"ဟေ့ကောင် ထယ်ယောင်း ငါရေချိုးချင်တယ် ရေနွေးသွားစပ်ပေးစမ်း ငါရဲ့ဝေယျာဝေစ္စတွေ အကုန် မင်းလုပ်ပေးရမှာမို့ အိမ်ဖော်တွေမခေါ်ထားဘူး အဟက် !"
"ဟုတ်. ဟုတ်ကဲ့မောင် ထယ်လုပ်ပေးပါ့မယ်"
ခနအကြာ
"မောင် ထယ်ရေနွေးစပ်ပြီးပါပြီ ထယ် ထမင်းသွားချက်လိုက်မယ်နော် မောင်ကြိုက်တဲ့ ကင်မ်ချီထမင်းကြော်လေး လုပ်ထားပေးမယ်"
"ဟက်! မင်းက ငါကြိုက်တာတွေတောင်မှတ်ထားတာဘဲ တကယ်ဘဲ ကင်ထယ်ယောင်း မင်းငါ့ဆီဘာရည်ရွယ်ချက်နဲ့ လာကပ်တာလဲ တကယ်ဘဲ မင်းက ဘာလဲ"
"မဟုတ်ဘူး မောင် မဟုတ်ဘူး ထယ်ရှင်းပြမယ် ထယ်က._"
"တိတ်စမ်း! မင်းရဲ့ရွံစရာပါးစပ်ကနေ ငါ့ကိုမောင်လို့မခေါ်နဲ့။ သခင်လို့ ခေါ် ငါကမင်းရဲ့သခင် မင်းက ငါကပြုသမျှ ခံရမယ့်ငါ့ရဲ့ကျေးကျွန်ဘဲ!"
YOU ARE READING
🌹ရင်၌ပျိုးသော အမုန်းပန်း🌹
Aléatoireငါကရက်စက်တယ် မင်းကိုမုန်းတယ် မင်းကငါ့ရင်ထဲပျိုးထားတဲ့ အမုန်းပန်းဘဲ🌹