မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (15)

5.8K 714 66
                                    


ပီတာထွန်းညွှန့် သူ့လက်ထဲရှိ ရေမွှေးဘူးကို တမြတ်တနိုးနှင့် ယုယုယယကိုင်တွယ်လျက် ။ မျက်နှာကလည်း မှိုရသလို တပြုံးပြုံး ။ သူသိပ်ကိုကြိုက်ရသည့် ရေမွှေးပုလင်းကို မြင်ရသည်နှင့် စိတ်ကြည်မွေ့သွား၏ ။

မျိုးစုံလှသည့် နန်းစိန်ကိတ်မုန့်များကို စားပွဲပေါ်တွင် နေရာချနေသည့် အေးအေးညွှန့် ။ အလုပ်ကိုလည်းလုပ်နေသလို မျက်လုံးအစုံကလည်း ပီတာထွန်းညွှန့်ဆီ လှမ်းလှမ်းကြည့်လျက် ။

ဦးထွန်းညွှန့်သည်  နန်းစိန်မှထုတ်လုပ်သည့် ခုနစ်လွှာကိတ်ကို အရသာခံကာ စားနေသည် ။ ခပ်သေးသေးတစ်ပိုင်းကို ယူလိုက်ကာ ဘေးနားရှိ ဒေါ်အေးမြက််ိုပါ ကျွေးလိုက်၏ ။ ကြမ်းပြင်ပေါ်တွင်ထိုင်နေသည့် အေးအေးညွှန့်၏အကြည့်များသည် မိဘနှစ်ပါးဆီသို့ ။ အနည်းငယ်ရှေ့တိုးလိုက်ကာ ပါးစပ်ကိုပါ ဟလျိုကျ၏ ။

" အဖေ သမီးကိုရော မကျွေးတော့ဘူးလား "

ရယ်သံတစ်ချက်ထွက်လာသည် ။ ထို့နောက် ကိတ်မုန့်အချို့သည် အေးအေးညွှန့်၏ပါးစပ်ထဲသို့ ။

သမီးတစ်ယောက်၏မိခင် ၊ အလုပ်သမားများကို အုပ်ချုပ်နေရသူဖြစ်စေဦးတော့ မိဘများရှေ့တွင်တော့ တစ်ခါတလေ ကလေးဆန်မိသည် ။ တစ်ဦးတည်းသော သမီးအဖြစ် တစ်ဆယ့်ခြောက်နှစ်ခန့်
နေခဲ့ရသူဆိုတော့ ရံဖန်ရံခါ ချွဲချင်မိ၏ ။

" စားကောင်းလား သမီးကြီး "

" ကောင်းတယ် အဖေ ၊ အဖေ ခွံ့ကျွေးလ်ို့ ပိုကောင်းတာဖြစ်လိမ့်မယ် "

အေးအေးညွှန့်၏စကားကြောင့် ဦးထွန်းညွှန့်မှာ တဘောတကျပင် ။ ရေမွှေးပုလင်းကို ထွေးပိုက်ထားသည့် ပီတာထွန်းညွှန့်ကိုပါ တစ်ချက်ကြည့်၍ လှမ်းပြောလိုက်၏ ။

" သားလေးရော စားမလား ၊ အဖေ ခွံ့ကျွေးမယ်လေ "

မျက်နှာကိုရှုံ့၍ ခေါင်းခါပြလာသည် ။

အေးအေးညွှန့် အဆင်သင့်ထည့်ထားသည့် ရေနွေးကြမ်းကို ယူသောက်လိုက်ပြီး ခေါင်းတညိတ်ညိတ်နှင့် ။ အခြားသူများ၏ အကြိုက်ကတော့ မည်ကဲ့သို့ရှိမည်မသိ ။ အေးအေးညွှန့်ကတော့ လက်ဖက်ခြောက်အနည်းငယ်သာထည့်ထားသည့် ရေနွေးကြမ်းနှင့် ကိတ်မုန့်ကိုတွဲ၍ စားသောက်ရသည်ကို သဘောကျ၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Tahanan ng mga kuwento. Tumuklas ngayon