Unicode
"တီ...တီ...တီ..."
ဆက်တိုက်မြည်နေတဲ့ ကားဟွန်းသံကြောင့် ကျိန်းစက်နေတဲ့မျက်ခွံတွေကို အားတင်းပြီးဖွင့်ကာ အိပ်ရာခြေရင်းက တိုင်ကပ်နာရီဆီ အကြည့်ပို့လိုက်တယ်။ ညနေ၆နာရီ။ အချိန်ကဒီလောက်တောင်ရှိပြီတဲ့လား။ တညလုံးအိပ်ရာထဲမှာအသုံးတော်ခံခဲ့ရတော့ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်သတိမထားမိခဲ့ဘူး။
"တီ...တီ...တီ..."
ဒါ သူ့ကားဟွန်းသံ။ အေးပေါ့ ပြန်လာချိန်ဆိုတော့ ခြံတခါးဖွင့်ပေးဖို့အလုပ်ရှိတာပဲ။ ပင်ပန်းပြီးကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကို အတင်းကြုံးထလိုက်ပြီး ခြုံထားတဲ့စောင်ကိုဖယ်လိုက်တော့။ အနည်းငယ်မျှတောင် သန့်ရှင်းမပေးထားတာကြောင့် ခန္ဓာကိုယ်က စေးကပ်ပြီး ရွံစရာအတိ။
"တီ...တီ...တီ..."
မသွားမချင်းမြည်နေဦးမည့် ကားဟွန်းသံကြောင့် ကုတင်အောက်မှပုဆိုးနှင့် အင်္ကျီတို့ကိုအလျင်အမြန်ကောက်စွပ်ကာ အခန်းထဲမှထွက်လာခဲ့သည်။ လှေကားဆင်းရသည့် အထစ်တစ်ဆင့်ချင်းဆီတိုင်းမှာ နာကျင်မှုက နှိုင်းမရ ဒါပေမယ့် ယသော် သွားရမည်။
"တီ...တီ...တီ..."
၄ကြိမ်မြောက်ဟွန်းသံအပြီးမှသာ လှေကားအောက်ဆုံးထစ်ကိုခြေချနိုင်ခဲ့ပြီးနောက် ခြံတံခါးသော့ကိုယူကာ ဝန်းတံခါးဆီသို့ အားတင်းကာလျှောက်ရပြန်သည်။ အိမ်ထဲမှထွက်လာသည်ကိုတွေ့သည်နှင့် ဝန်းတံခါးအပြင်မှကားသည် မီးနှစ်ချက်ပြကာ ကားဟွန်းတီးသံ၅ချက်မြောက်ကို တီးလိုက်လေတော့သည်။
တီ...တီ...တီ...ခြံတံခါးဖွင့်လိုက်ပြီးသည်နှင့် ဘေးမှရှပ်ကာ ခြံထဲသို့မောင်းဝင်သွားသည့်ကားလေးနောက် ယသော့်မသိစိတ်ကလှုံ့ဆော်မှုကြောင့် အမြန်ပြေးလိုက်သွားမိသည်။ ကားတံခါးမှ ဖျက်ခနဲတွေ့လိုက်ရသည့်မျက်နှာလေးမှ ဒေါသမီးအဟုန်ကို ယသော်ခံစားမိသည်လေ။
30.1.22
Zawgyi
"တီ...တီ...တီ..."
ဆက္တိုက္ျမည္ေနတဲ့ ကားဟြန္းသံေၾကာင့္ က်ိန္းစက္ေနတဲ့မ်က္ခြံေတြကို အားတင္းၿပီးဖြင့္ကာ အိပ္ရာေျခရင္းက တိုင္ကပ္နာရီဆီ အၾကည့္ပို႔လိုက္တယ္။ ညေန၆နာရီ။ အခ်ိန္ကဒီေလာက္ေတာင္႐ွိၿပီတဲ့လား။ တညလုံးအိပ္ရာထဲမွာအသုံးေတာ္ခံခဲ့ရေတာ့ ဘယ္အခ်ိန္အိပ္ေပ်ာ္သြားမွန္းေတာင္သတိမထားမိခဲ့ဘူး။
"တီ...တီ...တီ..."
ဒါ သူ႕ကားဟြန္းသံ။ ေအးေပါ့ ျပန္လာခ်ိန္ဆိုေတာ့ ျခံတခါးဖြင့္ေပးဖို႔အလုပ္႐ွိတာပဲ။ ပင္ပန္းၿပီးကိုက္ခဲေနတဲ့ခႏၶာကိုယ္ကို အတင္းၾကဳံးထလိုက္ၿပီး ျခဳံထားတဲ့ေစာင္ကိုဖယ္လိုက္ေတာ့။ အနည္းငယ္မွ်ေတာင္ သန္႔႐ွင္းမေပးထားတာေၾကာင့္ ခႏၶာကိုယ္က ေစးကပ္ၿပီး ႐ြံစရာအတိ။
"တီ...တီ...တီ..."
မသြားမခ်င္းျမည္ေနဦးမည့္ ကားဟြန္းသံေၾကာင့္ ကုတင္ေအာက္မွပုဆိုးႏွင့္ အက်ႌတို႔ကိုအလ်င္အျမန္ေကာက္စြပ္ကာ အခန္းထဲမွထြက္လာခဲ့သည္။ ေလွကားဆင္းရသည့္ အထစ္တစ္ဆင့္ခ်င္းဆီတိုင္းမွာ နာက်င္မႈက ႏိႈင္းမရ ဒါေပမယ့္ ယေသာ္ သြားရမည္။
"တီ...တီ...တီ..."
၄ႀကိမ္ေျမာက္ဟြန္းသံအၿပီးမွသာ ေလွကားေအာက္ဆုံးထစ္ကိုေျခခ်ႏိုင္ခဲ့ၿပီးေနာက္ ျခံတံခါးေသာ့ကိုယူကာ ဝန္းတံခါးဆီသို႔ အားတင္းကာေလွ်ာက္ရျပန္သည္။ အိမ္ထဲမွထြက္လာသည္ကိုေတြ႕သည္ႏွင့္ ဝန္းတံခါးအျပင္မွကားသည္ မီးႏွစ္ခ်က္ျပကာ ကားဟြန္းတီးသံ၅ခ်က္ေျမာက္ကို တီးလိုက္ေလေတာ့သည္။
တီ...တီ...တီ...ျခံတံခါးဖြင့္လိုက္ၿပီးသည္ႏွင့္ ေဘးမွ႐ွပ္ကာ ျခံထဲသို႔ေမာင္းဝင္သြားသည့္ကားေလးေနာက္ ယေသာ့္မသိစိတ္ကလႈံ႕ေဆာ္မႈေၾကာင့္ အျမန္ေျပးလိုက္သြားမိသည္။ ကားတံခါးမွ ဖ်က္ခနဲေတြ႕လိုက္ရသည့္မ်က္ႏွာေလးမွ ေဒါသမီးအဟုန္ကို ယေသာ္ခံစားမိသည္ေလ။
30.1.22
YOU ARE READING
On My Mind...
General Fiction"မနေနိုင်ရင်ထွက်သွား ဒါပေမယ့်ဘယ်တော့မှပြန်လာဖို့မစဉ်းစားနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပေါ့" ဘုန်းခေါင်ဗညား "မင်းကိုချစ်ခဲ့တာလေးတစ်ခုကလွဲရင် ငါဘာမှားခဲ့လို့လဲ" ယသော်ပြည့်စုံ