Unicode
ဂျူတီချိန်ပြီးကာနီးပြီမို့ အဝတ်အစားလဲရန် မြတ်ပုညတစ်ယောက်နားနေခန်းထဲဝင်လာခဲ့သည်။ အရေးပေါ်ဌာနမှာတာဝန်ကျတာကြောင့် ဒီနေ့အလုပ်အရမ်းများခဲ့သည်။ မနေ့ညကလဲစာမေးပွဲဖြေရန်စာကြည့်နေခဲ့သည့်မို့ အခုဂျူတီပြီးတာနဲ့ဒီနေ့တော့ နားဖို့စိတ်ကူးထားသည်။
'လက်ကိုခဏခဏဆေးပါ🎶🎶လူစုလူဝေးရှောင်ရှားပါ နှာစေးချောင်းဆိုးရင် အုပ်ထားပါ🎶🎶'
အဝတ်လဲဖို့ပြင်နေတုန်းဖုန်းလာသည်နှင့် ကြည့်လိုက်တော့ စီနီယာ့ဆီမှဆက်သောဖုန်းဖြစ်တာနဲ့ အမြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ မြတ်ပုညပြောနေပါတယ်"
"ကိုထွဋ်ပါ ဒီညကိုယ့်ညီတစ်ယောက်နေမကောင်းလို့ လာစောင့်ပေးပါ ကိုယ်ကဂျူတီဝင်ရမှာမို့ ပြီးတော့Operationလုပ်ဖို့ချိန်းထားတာလဲရှိလို့ Operationပြီးတာနဲ့ မင်းပြန်လို့ရပါတယ်"
"ဟုတ်စီနီယာ ကျွန်တော်ဘယ်ကိုလာခဲ့ရမလဲဗျ"
"လိပ်စာmessageပို့လိုက်မယ် Taxiငှားခဲ့ ပိုက်ဆံနှမြောမနေနဲ့ ကိုယ်ပြန်ပေးမှာမို့"
"ဟုတ်စီနီယာ ကျွန်တော်ခဏနေ ဂျူတီချိန်းပြီးတာနဲ့လာခဲ့ပါမယ်"
"အိုကေ ဒါပဲ"
'ဟူး မနက်ဖြန်မှပဲနားတာကောင်းပါတယ်'ဟုခပ်ဖွဖွရေရွတ်ကာ အဝတ်အစားလဲပြီး လွယ်နေကျကျောပိုးအိတ်အဖြူလေးကိုဆွဲ၍ ဆေးရုံရှေ့ taxi stanမှကားငှားကာ ပို့ထားသည့်လိပ်စာအတိုင်း ထွက်လာလိုက်တော့သည်။
*********
အိပ်နေသောမျက်နှာလေးကိုငေးရင်း ထွဋ်ခေါင်ဗညား ဒီလူသားလေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာတွေးနေခဲ့သည်။ မင်းကိုငါဒီနေရာနေထွက်လာစေချင်ပြီ ယသော်လေး။ မင်းမမြင်ခဲ့တဲ့ မင်းအတွက်အမြဲရှိနေမယ့် လူကကိုယ်ပဲ...။
မင်းကိုယ့်ညီကို စိတ်နာလေ ကိုယ့်အတွက်မျှော်လင့်ချက်တွေရှိလေမို့ ဘယ်အရာတွေလွဲနေလဲဆိုတာကို ကူညီပြီးရှင်းမပြပေးတာလေးတစ်ခုတော့ခွင့်လွှတ်ပေးပါ။
"အဟက် မင်းကတစိမ့်စိမ့်ကြည့်နေပေမယ့် သူ့ကိုမင်းမရဘူးမလား"
YOU ARE READING
On My Mind...
General Fiction"မနေနိုင်ရင်ထွက်သွား ဒါပေမယ့်ဘယ်တော့မှပြန်လာဖို့မစဉ်းစားနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပေါ့" ဘုန်းခေါင်ဗညား "မင်းကိုချစ်ခဲ့တာလေးတစ်ခုကလွဲရင် ငါဘာမှားခဲ့လို့လဲ" ယသော်ပြည့်စုံ