Unicode
ကုတင်ပေါ်မှ အသားဖြူဖြူ ကိုယ်ခန္ဓာကပိန်ပေမယ့် အရပ်အတော်ရှည်ပုံရသော ကောင်လေးကို မြတ်ပုညကြည့်မိသည်။ ကိုယ့်ထက်အသက်ကြီးလောက်သည်ဆိုပေမယ့် မျက်နှာနုနုကြောင့်လဲ ရမ်းသမ်းမထင်ရဲပေ။
"အ့...ကျွတ် ကျွတ်"
မျက်တောင်တွေလှုပ်ခတ်ပြီးအနည်းငယ်လူးလွန့်လာပေမယ့် ခန္ဓာကိုယ်က နာကျင်နေသေးတာကြောင့် တီးတိုးငြီးသံသာ ထွက်လာခဲ့သည်။
"နိုးပြီလားဗျ"
စိမ်းသက်လှသည့်အသံကြောင့် ယသော်မျက်လုံးများကြိမ်းစက်နေသည့်ကြားမှ ရအောင်ဖွင့်ကြည့်လိုက်မိသည်။
"ဘယ်သူ..."
"ကျွန်တော်ဆရာဝန်တစ်ယောက်ပါ...ဟို...အဲ... ဟီး..."
ပြောပြီးကာမှတီဗီကကြော်ငြာတစ်ခုကိုသတိရမိပြီး ဘယ်လိုဆက်ပြောရမည်မသိတော့ပေ။ သို့ပေမယ့်ကုတင်ပေါ်မှကောင်လေး၏ ပြုံးတုံ့တုံ့မျက်နှာလေးကြောင့် အရဲကိုး၍နှုတ်ဆက်လိုက်မိသည်။
"ကိုထွဋ်ရဲ့ဂျူနီယာပါ"
"ကိုကို့ဂျူနီယာလေးလား အဲ့တာဆိုကိုယ့်ထက်ငယ်မယ်ထင်တယ် ကိုကိုကတော့သူများကိုအလုပ်များစေပြန်ပါပြီ"
"ရပါတယ်ဗျ ကျွန်တော်ကဂျူတီမရှိတဲ့အချိန်ဆို အခုလိုအသိတွေကိုကူညီပေးလေ့ရှိပါတယ်ဗျ အပမ်းမကြီးပါဘူး"
"အဆင်ပြေတယ်ဆိုကျေးဇူးပါပဲနော်..."
"ဒါနဲ့အစ်ကို့ကြည့်ရတာ အိပ်ရာကထချင်လို့လားဟင်"
ဆေးမသွင်းထားတဲ့လက်တစ်ဖက်နဲ့ခက်ခက်ခဲခဲထဖို့ပြင်နေတဲ့ပုံမြင်မိတာမို့ အလိုက်တသိသွားတွဲပေးလိုက်သည်။
"လာအစ်ကို ကျွန်တော့်လည်ပင်းကိုအားယူပြီးထလိုက်"
လည်တိုင်ကျော့ကျော့ကိုလက်တစ်ဖက်ဖြင့်အားယူ၍ဖက်ကာ ထထိုင်လိုက်တော့မှ ယသော်လည်း အဆင်ပြေသွားလေသည်။
"အခုမှပဲနည်းနည်းသက်သာတော့တယ်"
"ကျောကုန်းကသွေးနည်းနည်းစို့နေတယ်အစ်ကို အင်္ကျီအပြင်ကိုတောင်မြင်နေရတယ် ကျွန်တော်လဲပေးရမလား"

YOU ARE READING
On My Mind...
General Fiction"မနေနိုင်ရင်ထွက်သွား ဒါပေမယ့်ဘယ်တော့မှပြန်လာဖို့မစဉ်းစားနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပေါ့" ဘုန်းခေါင်ဗညား "မင်းကိုချစ်ခဲ့တာလေးတစ်ခုကလွဲရင် ငါဘာမှားခဲ့လို့လဲ" ယသော်ပြည့်စုံ