Unicode
"ယ သော် ပြည့် စုံ"
"ခေါင်~"
"မင်းကိုအဲ့လိုခေါ်ဖို့ငါခွင့်ပြုထားလို့လား"
"ဟို...အစ်ကိုလေး ယသော်မေ့သွားလို့ပါ တောင်း...တောင်းပန်ပါတယ်ဗျ"
"မင်းအမြဲမေ့နေတာပဲလား မမေ့တာဘာရှိလဲ ဪ အဖိုးကြီးတွေကို ခြူဖို့တော့မင်းမမေ့ဘူးမလား ဟား ဟား"
"အစ်ကိုလေး ယသော်က..."
"တော်ပါ မင်းအလိမ်အညာစကားတွေကို ငါနားမထောင်နိုင်တော့ဘူး ဒါနဲ့ငါဒီနေ့ ဟွန်းဘယ်နှစ်ခါတီးလိုက်ရလဲ"
" ငါ...ငါးခါပါအစ်ကိုလေး"
"ငါးခါဆိုတော့ မင်းဘာလုပ်ရမလဲသိတယ်မလား"
"ဟုတ်ကဲ့အစ်ကိုလေး"
"သိရင်သွားယူလေ"
ကိုယ်တိုင်အပြစ်ပေးခံဖို့အတွက်လက်နက်ကို ကိုယ်တိုင်သွားယူရလေသည်။ စတိုခန်းထဲမှ အရှည်၆ပေခန့်ရှိ လိပ်ကျောက်မြီးကြာပွတ်ကို ထုတ်ယူကာ အစ်ကိုလေးဆီသို့ ပေးအပ်လိုက်လေသည်။
အပြစ်ပေးပါခေါင်...ယသော်ကခေါင့်ရဲ့ အချစ်အကျဉ်းသားမို့ ခေါင့်အနားရှိရုံနဲ့ ဘယ်လိုနာကျင်မှုမျိုးမဆို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့်အသေတော့မသတ်ပါနဲ့ ခေါင့်အနားရှိနေချိန်တိုင်းခုန်လာတတ်တဲ့ နှလုံးသားလေးရပ်သွားရင် ခေါင့်ကိုမချစ်ရမှာစိုးလို့ပါ...။
"သွက်သွက်လာလေ အပြစ်လုပ်တုန်းကလုပ်ပြီး အခုမှလာကြောက်မနေနဲ့ မှောက်လိုက်"
ဖိနပ်စင်ခြေရင်းကျောက်ပြားအေးအေးပေါ်တွင် ဝမ်းလျားမှောက်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ ကျောပြင်ပေါ်သို့ကျရောက်လာမည့်ရိုက်ချက်များကိုသာ စောင့်စားနေလိုက်သည်။
ပထမတစ်ချက် ကျောပြင်ကိုရှပ်ကာကျလာသည့်ရိုက်ချက်ကြောင့် အသားစတွေပေါက်ပြဲကုန်သည်။
ဒုတိယတစ်ချက် အရင်ကျရောက်ပြီးသားနေရာကိုမလွဲအောင်ရိုက်နိုင်သည့် ခေါင်ကပဲတော်လွန်းလေသလား။
တတိယတစ်ချက် လက်ဖမိုးပေါ်သို့စင်လာသည့်အရည်တချို့ကြောင့် ဒါဟာသွေးစတွေသာဖြစ်မည်ဟု ယသော်ပြောရဲသည်။
YOU ARE READING
On My Mind...
General Fiction"မနေနိုင်ရင်ထွက်သွား ဒါပေမယ့်ဘယ်တော့မှပြန်လာဖို့မစဉ်းစားနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပေါ့" ဘုန်းခေါင်ဗညား "မင်းကိုချစ်ခဲ့တာလေးတစ်ခုကလွဲရင် ငါဘာမှားခဲ့လို့လဲ" ယသော်ပြည့်စုံ