“ကျွန်တော်ကောင်းကောင်းပြောနေတုန်း ထွက်ခဲ့နော်!”
“သောက်ချီးတဲ့မှငါကစိတ်ဆိုးနေတာလား မင်းကစိတ်ဆိုးနေတာလား”
“အဲ့ဒါကြောင့်မို့ ချော့ဖို့ရာခေါ်နေတာပေါ့ နောက်တစ်မိနစ်နေလို့မှကိုကိုထွက်မလာဘူးဆိုရင် ကျွန်တော့်အဆိုးမဆိုနဲ့ ”
*အောင်မာ ချော့တာတောင် အထက်စီးက *
“ဟား လုပ်ကြည့်စမ်းပါ လုပ်ကြည့်စမ်းပါ! မင်းကဘာများလုပ်နိုင်မှာမို့လို့လဲ ”
*ခွမ်း
ရုတ်တရက်ဆိုသလို ကွဲထွက်လာတဲ့ ပြတင်းပေါက်ကမှန်စတွေ ထိုခါမှ လုပ်ပြုံးကြီးပြုံးလိုက်ရင်း
“ဒီလိုလုပ်နိုင်ပါတယ်တဲ့ ချီးပဲ အီဟီဆွန်း မင်းပတ်ဆောင်းဟွန်း ကို လျော့တွက်ပြန်ပြီ ”
“ထွက်လာမှာလား နောက်တစ်ချပ်ထပ်ခွဲရမလား ”
ကြည့်ကြည့် ပတ်ဆောင်းဟွန်းဟာလေဘာကိုမှဂရုစိုက်ရကောင်းမှန်းမသိဘူး သူဖြစ်ချင်တာပဲသိတဲ့အဆိုးအပေလေး
*တစ်ဇွတ်ထိုးလုပ်လွန်းတဲ့ ကိုကို့ဂျစ်တူး*
“ဘာလို့ လျှောက်ဖျတ်ဆီးနေတာလည်း မင်းလုပ်ချင်သလိုလုပ်လို့ရတဲ့ငါ့အိမ်မဟုတ်ဘူးကွ ”
“ဒါဆို လုပ်ချင်တာလုပ်လို့ရတဲ့ ကိုကို့အိမ်သွားရအောင် ”
“ပတ်ဆောင်းဟွန်း!!”
“ဗျာ...ဗျ အချစ်ဆုံး ပြောတာကို ကျွန်တော်သေချာနားထောင်နေပါတယ်ဗျ ”
“ငါထွက်လာခဲ့မယ်....”
အိမ်ရှေ့ရောက်တော့ ဆောင်းဟွန်းရဲ့ကော်လံကိုဆွဲပြီး ထိုးဖို့ ပြင်လိုက်မိတယ်
“လက်သီးတစ်ချက် အနမ်းတစ်ပွင့် နော် အချစ်ဆုံး”
ပြောင်စပ်စပ်ပြောနေတဲ့ ကောင်လေးရဲ့မျက်နှာလည်းကြည့်မိတော့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့
*လူဆိုးလုပ်ချင်တဲ့ ကိုကို့ဂျစ်တူး*
“မျက်ခွက်တစ်ခုလုံးလည်း အကောင်းတောင်မရှိတော့ဘူး အဲ့ဒီကောင်တွေကလည်း ထိုးချင်းထိုးဘာလို့သေအောင်မထိုးလိုက်ကြတာလည်းမသိဘူး ”