“နောက်၅မိနစ်ပဲရမယ်နော် ဟေ့ကောင်တွေ ဟူးဟူးကျောင်းကဆင်းတော့မှာ ”
“အင်းပါကွာ မင်းကလဲ ပတ်ဆောင်းဟွန်းကိုအဲ့လောက်တောင် ကြောက်သလား ”
“အေ့လေ အီဟီဆွန်း မပီသအောင်လို့”
“အပိုတွေမပြောနဲ့ ဟေ့ကောင်တွေ ငါထပြန်ပစ်လိုက်မှာ ငါ့အတွက်က ဟူးဟူးကလွဲ ဖွဲနဲ့ဆန်ကွဲပဲ ”
“မင်းကလဲ ၅မိနစ်နေပေးအုံးမယ်ဆို! ”
“ကျစ် ဒီသောက်ကျိုးမပေးတဲ့.. ”
“ရှူး! ငါတို့သောက်ကျိုးပေးလို့ မင်း ဆောင်းဟွန်းနဲ့ အဆင်ပြေနေတာမဟုတ်ဘူးလား ကြည့်စမ်းပါအုံး အီဟီဆွန်းတစ်ယောက် ကျေးဇူးကန်းနေတာ”
“ဘာကို အကျိုးပေးတာလဲ! ဘာကိုလဲ နွားရဲ့! ဟင်! အကုန် ငါ့ဟာငါ ကြိုးစားခဲ့ရတာချည်းပဲ ”
“ဘာ ဘာကွ ဝါး ဒီ ဒီ အီဟီဆွန်းနဲ့တော့ ဝါး.. ငါ့မှာလေ ဘာလဲ အဲ့ဒီ ပတ်ဆောင်းဟွန်းနဲ့မင်း တစ်ခါ ကတောက်ကဆ ဖြစ်တုန်းကလေ ငါ့မှာ သူ့အိမ်ဘက်သွားပြီး ကူရှင်းပြရင်း...နေပါအုန်း ငါပြစမ်းပါအုံးမယ်”
“ဘာ ဘာလုပ်နေတာလဲ ”
“မင်းအသာနေစမ်းပါ ငါမင်းနဲ့ပတ်ဆောင်းဟွန်းအတွက် ဘယ်လောက်တောင် ကြိုးစားပေးခဲ့တယ်ဆိုတာ ပြမလို့ ”
ကုန်းကုန်းကွကွနဲ့ ဘောင်းဘီကို ပေါင်ရင်းနားကိုခေါက်တင်နေတဲ့ သကောင့်သားကြောင့် ပတ်၀န်းကျင်က လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြကုန်ပြီ
ရောက်နေတာက မိန်းကလေး အထက်တန်းကျောင်းရှေ့ ငါ့နှယ် ဘယ်လိုကောင်မျိုးတွေကို သူငယ်ချင်းတော်ထားမိမှန်းကို နားမလည်နိုင်တော့ ဒီလိုနဲ့ မဖွယ်မရာတွေလုပ်နေပါတယ်ဆိုပြီး ရုံးရောက်ဂတ်ရောက် ဖြစ်မှာတော့ မဟုတ်ဖူးမဟုတ်လား
“တော်ပါတော့ကွာ ငါရှက်လာပြီ နွားရဲ့ ”
“အာ ရပြီ! ဒီမှာကြည့်စမ်း ငါ့မှာ မင်းကိုကူညီရင်း အဲ့ဒီမင်းရဲ့ ပတ်ဆောင်းဟွန်းတို့လမ်းက ခွေးကိုက်ခံထားရတာ ”
“အင်း အင်းပါ ရပါပြီ ဘောင်းဘီကြီးပြန်ချပါတော့ နွားရယ် ”