ကျောင်းတွင်းပွဲတော်တွေနီးနေတာကြောင့် အတန်းထဲအချိန်ပြည့်ဆရာတွေကမ၀င်နိုင်တာကြောင့် ကျောင်းသားတွေအားလုံး လွတ်လပ်ရေးရနေပြီး အတန်းတစ်ခုလုံးမှာလည်းဗြောင်းဆန်လို့နေလေသည်
“ဟီဆွန်း! ဟီဆွန်း ရား... ”
“အတန်းခေါင်းဆောင်!...”
“အီဟီဆွန်းရှီး....”
“အဟန့် အဟန့် ”
တစ်ယောက်တစ်မျိုးဆီနဲ့ အတန်းခေါင်းဆောင်အီဟီဆွန်းကို တ နေကြတဲ့ ချစ်လှစွာသောအတန်းသားများ
ခေါ်ချင်လွန်းလို့ခေါ်နေကြသည်တော့မဟုတ် ပုံမှန်ဆို ကိုယ့်ကိုရှိတယ်လို့မထင်ကြတဲ့ နွားတွေက ဒီလိုခေါ်နေပြီဆိုတည်းက ပီကေလေး အတန်းရှေ့ရောက်နေပြီဆိုတာကိုသိလိုက်လေပြီ
အတန်းရှေ့ကပီကေကောင်လေးပတ်ဆောင်းဟွန်းကတော့ သူ့ကိုဟီဆွန်းနဲ့လှော်ပေးနေတာတွေကြောင့် ပီတီတွေဖြာနေတဲ့ မျက်နှာထားကဖုံးကွယ်လို့မရ
ဟီဆွန်းမှာတော့ဒီလိုမျိုး ခဏခဏအစခံနေရပေမယ့်လည်း နေသားကျမလာ အနေရခက်ပြီး မျက်နှာကြီးကနီရဲလို့သာနေလေသည်
နေရခက်နေတာကြောင့် ရှေ့ကစာအုပ်ပေါ်မှာ ခေါင်းမဖော်တမ်း ရေးမိရေးတွေချရေးနေမိတယ်
ဟီဆွန်းပတ်ဆောင်းဟွန်းကို တစ်ချက်ခိုးကြည့်လိုက်တော့ တစ်ခါတည်း ထုံးစံအတိုင်း မေတ္တာပို့လိုက်ရပြန်တယ်
*အား......အဲ့လိုပြီတီတီလုပ်နေလို့ စိတ်တိုင်းကျမနေတာ မျက်နှာရူးလေး*
ပြုံးစိစိနဲ့ကိုယ့်ကိုကြည့်နေတဲ့ ငနဲကို သေချာကြည့်ပေးလိုက်ရင်း မျက်မှန်ကို လက်ခလယ်နဲ့ပင့်တင်ပြတော့ ငနဲက တစ်ချက်ရီရင်းနှုတ်ခမ်းလှုပ်ရုံတင်ပြောလာတယ်
**ဟာ...ရိုင်းလိုက်တာဗျာတဲ့**
“ပတ်ဆောင်းဟွန်း! ပတ်ဂျုံဆောင်း! နင်တို့! နင်တို့ ငါ့အချိန်လာမတက်ပဲ ဒီကိုလာကြောင်နေကြတယ်ပေါ့ !! ”
“ဟာ Sam ! ချီးပဲ ပတ်ဆောင်းဟွန်းရေ မင်းကြောင့်ငါပါသေပြီ ”
အနောက်ကSamကအနားကိုဖြေးဖြေးချင်းလျှောက်လာမို့ပြေးဖို့လုပ်တော့ အခုချိန်ထိပြေးရကောင်းမှန်းမသိပဲ ကြည့်မ၀ရှူ့မ၀ဖြစ်နေတဲ့ ပတ်ဆောင်းဟွန်းကို ဂုတ်ကနေဆွဲပြီး ပြေးခဲ့ရတယ် တဂယ်ပါ ဘယ်လိုကောင်ကိုသူငယ်ချင်းတော်ထားမိပါလိမ့်