အပိုင်း ၂

71 5 0
                                    

ငယ်ချစ်ပုံပြင်. . .🍂
( Old Love Story )

ကျွန်တော်တို့ စာသင်ရသောအဆောင်သည်
‌အစိမ်းရောင်နှစ်ထပ်‌ဆောင်ဖြစ်သည်။ကျွန်တော်က အပေါ်ထပ်တွင် သူကအောက်ထပ်ကပင်။ကျွန်တော်တို့အခန်းသည် ထောင့်ဆုံးအခန်းဖြစ်၍ အောက်ထပ်ကိုဆင်းသော လှေကားနှင့်ကပ်လျက်ရှိပါသည်။ထိုလှေကားကဆင်းသွားလျင် သူ့၏အခန်းကိုရောက်ပါသည်။

" ဟဲ့ မနေ့ကနင်တို့ နှစ်ယောက်ထဲကျန်ခဲ့တာ
ဘာတွေပြောဖြစ်ကြသေးလဲ "

စပ်စုစိန်မြတ်မင်းက ကျောင်းသို့ရောက်ရောက်ခြင်းလွယ်အိတ်ပင်မချရ‌သေးခင်
တန်းမေးလိုက်ပါသည်။

" ဘာမှအထွေးအထူးမပြောကြပါဘူး ဟယ်
သူက ငါ့စီကစာအုပ်ငှားတယ် ဒါပဲ "

" ဟုတ်လို့လား မလိမ်နဲ့နော် ကောင်မ "

" ဟယ် ငါ့ကဘာလိမ်ရမှာလဲ "

" အေပါ ဒါနဲ့ထူးထူးခြားခြားကျောင်းကို
အစောကြီး လာနေပါလား ကောင်မ "
" စောစောစီးစီး သူငယ်ကိုလာထောင်တာလား "

" အသင်းကျလို့ဟဲ့ အသင်း ငါ့အသင်း "
ကျွန်တော်အသင်းကျသည်လို့ ပြောလိုက်မှသာမြတ်မင်း စတာရပ်သွားပါသည်။

" ဟီး ဟုတ်သားပဲ ငါက ဟိုကောင်ကြောင့်ထင်နေတာ "

" ငါ သန့်ရှင်းရေးသွားလုပ်လိုက်အုံးမယ် "

အမှိုက်သွားပြစ်ရန် တို့အောက်ထပ်ကို
တစ်ယောက်ထဲဆင်းလာခဲ့ပါသည်။
မကြာမီကျောင်းက တက်တော့မည်ဖြစ်သည်။အောင်ထပ်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်သူနှင့်ဆုံသည်။သူသည် အဆောင်ရှေ့ကခရေပင်ကြီးကို ပတ်ရံထားသော ခုံပေါ်တွင်ထိုင်နေသည်။

ကျွန်တော်သူ့ကိုမြင်တော့ ပြုံးပြလိုက်ပါသည်။ကျွန်‌ေတာ်သည် အမှိုက်ပုံးကို မနိုင်တစ်ဖက်နိုင်တစ်ဖက်ဖြင့် သယ်ထားသဖြင့် ပုံစံမှာကိုးယိုးကားယားဖြစ်နေပါသည်။သူက ကျွန်တော့်အနားကိုလာကာ အမှိုက်ပုံးကို ကူသယ်ပေးပါသည်။

" ဟို့နေ့ စာအုပ်တွေကူးနေတာမပြီးသေးဘူး
နော် မနက်ဖြန်မှပေးမယ် ရတယ်မလား "

" အင်း ရပါတယ် ပြီးမှသာပေးပါ "

" ဒါနဲ့မင်းက ဘယ်နားကလဲ "

ငယ်ချစ်ပုံပြင်Where stories live. Discover now