ငယ်ချစ်ပုံပြင် . . .🍂
(Old Love Story)- BL Short Story -
ဘုရားထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အအေးဓာတ်ကိုခံစားရသည်။တိတ်ဆိတ်မှုကိုခံစားရသည်။အလင်းရောင်မဝင်နိုင်အောင် မှောင်နေပါသည်။ဘုရားကြီး တစ်ဆူသာရှိသည်။ဘုရားဆင်းထု၏ အနားတွင်သာ အလင်းရောင်ရှိသည်။သူနှင့်ကျွန်တော် ဘုရားရှေ့တွင်အတူရှိခိုးပြီး သူကဘုရားထဲက နံရံဆေးရေး
ပန်းချီများကို ကြည့်ချင်သေးသည်ဟု
ဆိုပါသည်။ဘုရားထဲတွင် လှပသောနံရံ
ပန်းချီများစွာကို ရေးဆွဲထားသည်။တချို့သော နံရံဆေးရေးပန်းချီများသည် ပျက်စီးနေကြပြီဖြစ်သည်။ထိုဘုရားများအား လည်ပတ်ပြီးနောက်
သူနှင့်ကျွန်တော် မြစ်ကမ်းစပ်သို့
စက်ဘီးနှင့်ထွက်ခဲ့ကြပါသည်။အချိန်သည် နွေရာသီဖြစ်သောကြောင့် မြစ်ရေကျချိန်ဖြစ်သည်။မြစ်ထဲတွင် သဲသောင်ပြင်များစွာ ပေါ်နေပြီဖြစ်သည်။တလက်လက်ထနေသော
သဲသောင်ပြင်နှင့် ကျောက်စရစ်ခဲများကလည်းစီစီရီရီဖြင့် တည်ရှိနေသည်။
မြစ်ထဲတွင် ရေချိုးနေကြသောလူများလည်းရှိသည်။သူနှင့်ကျွန်တော် ဒုထ္တဝတီမြစ်ကြီးကိုမြင်တော့ ကမ်းစပ်ကိုပြေးဆင်းသွားကြပါသည်။မြစ်ကမ်းစပ်
ကိုရောက်တော့ နှစ်ယောက်စလုံးဘောင်းဘီများကို ဒူးအပေါ်ထိလိပ်တင်ပြီး မြစ်ရေထဲပြေးဆင်းကြသည်။မြစ်ရေသည် အေးစက်နေသည်။ရေကျချိန်ဖြစ်၍ အောက်ကကျောက်ခဲလေးများကိုပင်မြင်နေရသည်။ထိုစဉ် သူက
ကျွန်တော့်ကို ရေနှင့်လှမ်းပက်လိုက်သည်။ရေစက်များသည် ကျွန်တော်၏
မျက်နှာကို လာစင်သည်။ကျွန်တော်ကလည်း သူ့ကိုရေဖြင့်ပြန်ပက်လိုက်သည်။တစ်ယောက်နှင့်တစ်ယောက်
ရေပက်ကြရင်း ရီမောကြရင်း နှစ်ယောက်စလုံး အတော်ပင် ရေဆိုသွားကြသည်။သူကကျွန်တော့်ကို အနောက်ကနေသိုင်းဖက်ကာ ရေထဲကိုနှစ်ချလိုက်သည်။ကျွန်တော်၏တစ်ကိုယ်လုံး
ရေတွေစိုရွဲသွားသည်။" အာ...ဘာလုပ်တာလဲ ရေတွေဆိုကုန်ပြီ "
" ဟားးဟားးမဟုတ်လဲ နှစ်ယောက်စလုံးရေတွေစိုနေကြပြီပဲ မြစ်ထဲရေကူးပြီးမှ ပြန်ကြရအောင်ပါ မင်းကလည်း " ဟု သူကပြောသည်။
YOU ARE READING
ငယ်ချစ်ပုံပြင်
Короткий рассказဆယ်ကျော်သက်ကျောင်းသား ဘဝတွင်ပထမဆုံးရင်ခုန်ခဲ့ဖူးသောအမျိုးသားတစ်ယောက်။ထိုသူသည် ကျွန်တော်၏ရင်ထဲတွင် ယခုအထိရှိနေဆဲ။သူသည်ကျွန်တော့်ရဲ့ ပထမဆုံးအချစ်။အချစ်ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်တက်စေခဲ့သူ။ဆုံချင်လျက်နှင့်ပင် ဝေးကွာခဲ့ကြရသူ။သူနှင့်ကျွန်တော်...