အပိုင်း ၁

296 9 0
                                    

လူတွေဟာ ငယ်ရွယ်စဉ်ကဖြူစင်တဲ့ ကျောင်းသားဘဝလေးကို ပြန်လည်သတိရတက်ကြစမြဲ မဟုတ်‌လား။ထိုဘဝအစိတ်အပိုင်းလေးသည် လွန်စွာမှပျော်စရာကောင်းသည်၊အပူအပင်ကင်း၏၊ပျော်စရာကောင်းခြင်းအတိပြီးသော အတိတ်နေ့စွဲများပင် ဖြစ်သည်၊ထို့အတိတ်နေ့စွဲများကို သတိရမိသောလူများထဲတွင် ကျွန်တော်လဲအပါအဝင်ပါ။ဆယ်ကျော်သက်အရွယ် ဘဝလေးကိုကျွန်တော် ပြန်တွေးလိုက်တိုင်း ကျောင်းတော်ကြီးနဲ့သူ့ကို ပြန်လည်သတိရမိပါသည်၊ထိုလူသည် ကျွန်တော့်ဘဝရဲ့ ပထမဆုံးအချစ်ဖြစ်ခဲ့ပါသည်၊အချစ်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်စေတက်ခဲ့သူ၊ပထဆုံး ရင်ခုန်တက်စေခဲ့သူ၊ထိုသူသည်ကျွန်တော့်အတွက်တော့ တန်ခိုးရှင်လေးပမာပင် ဖြစ်ခဲ့ပါသည်။ဘာလိုလိုနှင့် အချိန်တွေကုန်ဆုံးသည်လဲ မြန်လှပါ‌ပေသည်။သူနဲ့ဝေးခဲ့တာ နှစ်တွေပင်အတော်ကြာခဲ့ပါပြီ။သူနှင့်ကျွန်‌တော် အဆက်အသွယ်မရှိခဲ့ကြပါ။အမှန်တကယ်က သူနဲ့ကျွန်တော် မဆုံနိုင်ခဲ့ကြခြင်းဖြစ်ပါသည်။

အချိန်ကားးး

နွေရာသီကျောင်း ၃လ ပိတ်ရက်များအပြီး ပထမဆုံးကျောင်းဖွင့်ရက်ပင်ဖြစ်ပါသည်။ကျောင်းဝင်းကြီးအတွင်း သစ်ရွက်ခြောက်များက ပြန့်ကျဲစွာ နေရာယူထားကြသည်။ကျောင်းပိတ်ရက်များတွင် ခြောက်ကပ်နေခဲ့ရသော ကျောင်းတော်ကြီးသည် ယခုကျောင်းပြန်ဖွင့်ကာမှ ကျောင်းသား၊ကျောင်းသူများ၏ ဖြူစင်မှုများကြောင့်တစ်ပတ်လည်ကာပြန်လည်အသက်ဝင်ခဲ့ခြင်းဖြစ်ပါသည်။
စကားသံပေါင်းစုံဖြင့် ဆူညံပွက်လျက် သန့်ရှင်းရေးလုပ်သူများကလုပ်နှင့် စည်ကားနေလျက်ရှိပါသည်၊ပထမဆုံး ကျောင်းဖွင့်ရက်မို့ ကျောင်းကိုစောစောလာကြသည့်လူများပါသည်။ထိုထဲတွင် ကျွန်တော်လည်း အပါအဝင်ပါ။စာသင်ခန်းထဲ ရောက်ရောက်ခြင်း မတွေ့ဖြစ်တာကြာသော သူငယ်ချင်းများနှင့်ပြန်တွေ့ရ၍ လေပေါနေလိုက်သည်မှာ အခန်းထဲဆရာ ရောက်လာသည်ကို မသိလိုက်သည်အထိပင်။

ဆရာရောက်လာတော့ နူတ်ဆက်ပြီး
အခန်းရှေ့ဝရန်တာဘက်ကို ကျွန်‌တော်ငေးနေရင်းသူ ဖြတ်လျှောက်သွားသည်ကို ကျွန်တော်မြင်လိုက်ရပါသည်။အသားကဖြူသည်၊အရပ်ကရှည်ရှည်နှင့် အလွန်ကြည့်ကောင်းပါသည်၊သူ့ကို မြင်လိုက်ရသော အခန်းထဲကကောင်မလေး အချို့ပင် အံဩကာ " ဟယ် ချောလိုက်တာ " ဆိုသောစကားသံများထွက်လာကြသည်ကိုပင် ကျွန်တော်သတိထားမိပါသည်။ကျွန်တော်တို့ ဘက်သည် အညာဘက်‌ဒေသဖြစ်သည်။ထို့ကြောင့် ကျောင်းတွင် အသားဖြူသည့်လူအလွန်ရှားပါသည်၊အသားမည်းနဲ့အသားညိုတဲ့လူများပင်ပေါပါသည်၊ဖြူသည့်လူရှိသော်လည်း သူ့လိုမျိုး ဖြူသည့်အဖြူမျိုးမဟုတ်ပါ။သူ့အကြောင်းကို တို့ စပ်စုချင်စိတ်နှင့်သိချင်မိပါသည်။ထမင်းစားကျောင်းဆင်းချိန်အထိ
ခနတာမြင်လိုက်ရသော သူ့၏ပုံစံကို တို့မျက်လုံးထဲကပင် မထွက်ပါ၊ဘာကြောင့်များလဲ တို့ မသိသေးပါ၊ထိုကဲ့သို့သော ချောမောသည့်သူမျိုးကို မတွေ့ဖူး၍လဲဖြစ်ပါ‌ပေမည်။

ငယ်ချစ်ပုံပြင်Where stories live. Discover now