7

1.4K 57 8
                                    

ကျမ ကြောက်ခဲ့တဲ့ချစ်ခြင်းမေတ္တာတွေဟာ...ကျမဆီကိုမှတည့်တည့်တိုးဝင်လာခဲ့တယ်..

သူရောက်မလာတဲ့အချိူ့ရက်တွေဆို....

သူမလွမ်းနေတက်တယ်...ပြီးတော့
နှုတ်ခမ်းတွေကိုမဆီမဆိုင်ကိုင်ကြည့်မိသေးတယ်....

ရှင့်နမ်းတွေဟာ တကယ်ချိူတယ်မောင်

ပုံမှန်ဆိုပိတ်ရက်တွေမှာသူ့ကြောင့်ပျင်းချိန်မရပေမဲ့စာလဲမပြန်ပေါ်လဲမလာတော့သည့်သူ့ကို....
သူမတကယ်လွမ်းပါသည်.....

သူပေးထားတဲ့လိပ်စာအတိုင်းသူ့တိုက်ခန်းအောက်ထိဘယ်လိုသတ္တိတွေနဲ့ရောက်လာမိသလဲ.....
သူမ မသိတော့ပါ....
အရဲစွန့်ပြီး အခန်းတံခါးခေါက်လိုက်မိသည်....

ကျမ..ရှင့်အခန်းရှေ့မှာရောက်နေတယ် ရှင်အိမ်မှာရှိလား

လျှစ်လျူရှုခံရခြင်းတွေကိုသူမအသားကျမနေပါ...ဖွင့်သူမရှိသည့်အခန်းရှေ့မှာငူငူငိုင်ငိုင်ရပ်နေမိတာ....
ဘာကြောင့်လဲ...။
ငိုချင်လာသည့်မျက်ဝန်းတွေကိုအားယူရင်း

ဒီနေရာကလှည့်ပြန်လိုက်ဖို့ကိုတွေဝေနေမိတာကိုကသူမရဲ့အပြစ်လား....
ချစ်မိတာနဲ့စပြီးရင်ဆိုင်ရသည့်နာကျင်မှု့တွေ

တောက်ကနဲ့ကျသည့်မျက်ရည်တွေကိုနာကျင်စွာသုတ်ပစ်လိုက်ပြီး..

နောင်ဘယ်တော့မှ ဒီနေရာကိုခြေမချတော့ဘူး....

ရုတ်တရက် ပွင့်လာသည့်တံခါးနှင့်.....
ပထမဆုံးမြင်လိုက်ရသည်ဖြူဖျော့ဖျော့မျက်နှာ....

" ဘာလို့မျက်ရည်ကျနေတာလဲ "

အားယူပြောလိုက်ပုံရသည့်အသံဖျော့ဖျော့နဲ့စကားသံအဆုံးမှာ သူခန္ဓာကိုယ်ဟာ သူမဆီယိုင်ကျလာသည်...

" ရှင်ဖျားနေတာပဲ "

ပူကျစ်နေသည့်သူ့ခန္ဓာကိုယ်ကိုထိန်းရင်း....

ခုနကကြေကွဲနေတာတွေတောင်ဘယ်ဆီရောက်သလဲမသိအောင်ပြာယာခတ်သွားသည်...
သူမထက်မြင့်မားသည့်အရပ်အမောင်းရှိသည့်သူ့ကိုတွဲထားရတာသူမအတွက်လဲမသက်သာပါ....

ဒီမောင်...ထံပါးWhere stories live. Discover now