8

1.5K 53 9
                                    

ကျန်းမာရေးမကောင်းတဲ့အခါတော်ရုံအသံကလေးကိုတောင်နားထဲဆူညံသလိုခံစားရတက်သည်ထင်ပါရဲ့....
တိတ်ဆိတ်နေတဲ့ညအချိန်မှာတောင်...
ညထဲမှာဆူညံနေသလိုလို...

ပိတ်ထားတဲ့မျက်ဝန်းတွေဟာအလိုလိုပွက်လာခဲ့သည်...

အဖျားကျသွားသည့်မို့သာတော်တော့သည်

ကျန်းမာရေးမကောင်းတာကိုသူမုန်းသည်

ဘယ်ချိန်ရှ်ိပြီလဲ...

နာရီကိုလှမ်းကြည့်တော့သူ့နံဘေးမှာအိပ်ပျော်နေသည့်သူမကိုသတိရသည်.....
သူ့နံဘေးကုတင်ပေါ်ခေါင်းလေးတင်ပြီးအိပ်ပျော်နေပုံကပင်ပန်းလှရဲ့...

နေမကောင်းလိုသာ ဂျစ်ပြီးသူမကိုဆွဲထားမိပေမဲ့ကျန်တာဘာမှမတွေးမိပါ....

နှစ်နာရီတောင်ထိုးပြီမို့..သူမကိုနှိုးလိုက်လို့ကမဖြစ်ပါ...
ဒီပုံစံအတိုင်းသူမတညလုံးရှိနေဖို့ကလဲသူမထားရက်...

"ရှင်..ဘာလိုလို့လဲ"

" ကျွန်တော် ကြောင့်နိုးသွားတာလား "

"မဟုတ်ပါဘူး... ရှင်သက်သာရဲ့လား "

"ဘယ်လိုလုပ်လဲ ကျွန်တော်အိမ်မှာ အိပ်ခန်းကနှစ်ခန်းအဆင်င့်ရှိနေဘူး ကျွန်တော့ဘေးပဲလာအိပ်လား "

" မင်းဒီပါမောင် "

" ဖြေးဖြေးအော်ပါ..မ ရယ် နေကောင်းကာလူကို "

" လူမမာဆိုလဲ လူမမာလိုပဲနေလေ "

" ကျွန်တော်ကဘာလုပ်နေလို့လဲ "

" ကြည့်...မင်းကတော့ "

" ဒါဖြင့်ဒီဘယ်လိုအိပ်လဲ ကျွန်တော်ကစေတနာနဲ့ကို "

"မင်းကို စောင့်ပေးဖို့နေတာအိပ်ဖို့လာတာမဟုတ်ဘူး ကျမကိုပူနေနဲ့ "

ဒီမောင်...ထံပါးWhere stories live. Discover now