10

3.9K 82 22
                                    

တွဲဖြစ်သွားကြတယ်ဆိုတဲ့ခေါင်းစဥ်တခုတိုးလာတာကလွဲရင်...
အရာအားလုံးအရင်အတိုင်းပါပဲ....

သူမဘက်ကစချစ်ခဲ့ရသလို....
သူမဘက်ကဆက်ချစ်နေရတုန်းပဲ.....

သူတို့နှစ်ဦး Conversation တွေအစဟာသူမပဲဖြစ်ခဲ့တယ်....
သူ့အိမ်ကပြန်လာပြီးထဲက သူမကသာ ဂရုတစိုက်စာတွေပို့ခဲ့ပေမဲ့....

သူကတော့ စာပြန်တယ်ဆိုယုံအပြင်မပိုခဲ့ပါဘူး...မောနင်းဆိုပြီးအထူးအထွေမပို့ခဲ့ဘူး...

သို့သော်လည်း.. ...အဆင်ပြေပါတယ်သူမကချစ်နေသူဖြစ်တာမို့

တစ်ယောက်ထဲနေရတာ တခါတလေအထီးကျန်နေပေမဲ့...တခါတလေကျတော့လဲငြိမ်းချမ်းသည်..
လေးလံနေသည့်စိတ်တွေနှင့်အိမ်ပြန်ချိန်တွေမှာဘာမှထွေထွေထူးထူးလုပ်မနေချင်သည်မို့....

ရုံးကပြန်ရောက်ရောက်ခြင်း ကုတင်ပေါ်ပစ်လှဲချပစ်လိုက်သည်...
စင်းလာသည့်မျက်လုံးတွေက အိပ်ပျော်ခါနီးဆဲဆဲမှာ..

နားထဲအဆက်မပြတ်ထွက်ပေါ်လာသည့်...

လူခေါ်ဘဲအသံကြောင့်အိပ်ချင်သည့်စိတ်ကိုမနည်းစုစည်းကာတံခါးသွားဖွင့်လိုက်မိတာမဆင်မခြင်...

အတင်းတိုးဝင်လာကာသူမကိုခပ်တင်းတင်းဖတ်ပစ်လိုက်သည်ကိုခံရသည်မို့လန့်သွားသော်လည်းရင်းနှီးနေသည့်ကိုယ်သင်းရနံ့ကြောင့်...

" မောင် "

" ကျနော် မ ကိုအရမ်းလွမ်းနေခဲ့တာ "

ရက်တွေအကြာကြီးပျောက်နေခဲ့ပေမဲ့လဲ...
တင်းကြပ်စွာပွေ့ဖက်လာသည့်သူရင်ခွင်ကျယ်ထဲရောက်သည်နှင့်...

လွမ်းရသမျှလဲပြေရသည်...
တင်းထားသမျှလဲ အရည်ပျော်ရပါတယ်....

ဒီရင်ခွင်ဟာ မနွေးထွေးသည့်တိုင်ပေါ့....

အနာပေးလိုက်ဆေးပေးလိုက်နဲ့ ဒီကောင်လေးကို သူမ အပိုင်ပါလားမတွေးရဲ....
လောဘမတက်ရဲခဲ့သော်လည်း...

အနီးကပ်ကြားရတဲ့သူ့နှလုံးသားလေးဆီကထွက်ပေါ်လာသည့် ပုံမှန်နှလုံးခုန်သံလေးကိုတောင်သူမမှာရင်ခုန်မဆုံးပေ....

You've reached the end of published parts.

⏰ Last updated: Apr 09, 2022 ⏰

Add this story to your Library to get notified about new parts!

ဒီမောင်...ထံပါးWhere stories live. Discover now