အိတိုလေးရဲ့မာမား🐻အခန်း(၂၂)
Zawgyiအဖြူရောင် အခန်းငယ်လေးထဲမှာ ကလေးအသုံးအဆောင် ပစ္စည်းလေးများဖြင့် ပြည့်နှက် နေသည်။
ရောင်စုံခဲတံလေးများက ပုံပြင်စာအုပ်လေးများက စားရေးစာပွဲပေါ်မှာ အစီအရီရှိနေပြီး မွှေးပွအရုပ်လေးများက မှန်ဗီရိုကြီးထဲမှာ နေရာတကျရှိနေသည်။ အဝတ်အစားဗီရိုလေးနှစ်လုံးက အပြာရောင်နဲ့ ပန်းရောင်လေးဖြစ်သည်။
အခန်း၏ထောင့်တစ်နေရာမှာတော့ ကလေးအိပ်ခုတင်အသေးလေးတစ်လုံးက ချစ်စရာကောင်းစွာတည်ရှိနေသည်။
အဲ့ဒီ ခုတင်ထက်မှာတော့ ပါးလုံးအိအိလေးတစ်လုံးကိုဖိကာ တစ်စောင်အနေအထားနဲ့အိပ်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေသည်။ ပါးတစ်ဖက်ကိုဖိထားတာကြောင့် အပေါ်အောက်နှုတ်ခမ်းလုံးလုံးက သိသိသာသာစူထော်နေလေသည်။
အဝါရောင် ပီကာခြူအရုပ်လေးကို ဖက်အိပ်ထားတဲ့ အိတိုလေးက တစ်ချက်တစ်ချက် အိပ်နေရင်းထရှိုက်တက်သည်။
“မာမား …”
“မာမားရှိတယ် ကလေးလေး”
ကောင်းမြတ်လွန်းက အိတိုလေးကျောကို အသာအယာသတ်ပေးရင် ချောပေးလိုက်မှာငြိမ်သက်စွာနဲ့ ပြန်လည်အိပ်ပျော်သွားရှာသည်။
အိပ်နေတဲ့ ကလေးလေးနားမှာငြိမ်သက်စွာစောင့်နေပေးတဲ့ လူကြီးနှစ်ယောက်လည်းရှိသည်။
ထိုလူနှစ်ယောက်ကတော့ ကလေးလေးမျက်နှာကိုသာ တစိမ့်စိမ့်ငေးကြည့်ရင်း တစ်ညတာကို ကုန်ဆုံးဖြတ်ကျော်ခဲ့ကြသည်။
မနက်ခင်း လေးနာရီအချိန်အခါမှာတော့
“ကောင်းမြတ်လွန်း … အခန်းပြန်နားပါတော့လား”
ကောင်းမြတ်လွန်းခေါင်းခါသည်။
အိုတိုလေး နိုးလာတဲ့အချိန် သူ့ကိုမမြင်ရလို့ ဝမ်းနည်းသွားမှာကိုမလိုလား။
အိတိုလေး မနိုးလာမချင်း ကောင်းမြတ်လွန်းက ဒီအခန်းလေးထဲက ဘယ်ကိုမှ ထွက်သွားဆန္ဒမရှိ။
“မာမား …”
တိုးလျှတဲ့ အသံလေးကြောင့် နှစ်ယောက်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
ESTÁS LEYENDO
အိတိုလေးရဲ့မာမား(2022){Complete}
Romanceဒီကလေးလေး .... ဒီဝက်ဝံပေါက်လေး ရဲ့ လက်သေးသေးလေးတွေနဲ့ သူ့ခြေထောက်တွေ ချုပ်နှောင်ခံလိုက်ရတဲ့အချိန်ကတည်းက သူ့ဆီကို ကံကောင်းခြင်းတွေရောက်လာခဲ့တာ 🐻 ...... Myanmar BL Fiction (Own Creation) Start Date - 09:17PM(Mon) // 03.01.2022 End Date - 11:00PM(Tue...