♥︎

572 55 4
                                    

ဒီနှစ်မွေးနေ့.. ဒီနေ့က အရင်နှစ်တွေလောက် အဓိပ္ပါယ်ရှိနိုင်ပါ့မလား..။

နှစ်တိုင်းနှစ်ယောက်အတူတူကုန်ဆုံးခဲ့တဲ့ မွေးနေ့တွေက ကျွန်တော်တို့နှစ်‌ယောက်လူမှန်းသိတတ်စအရွယ်ကတည်းက ဖြစ်တည်လာခဲ့တာ။ ဟုတ်တယ်.. ကျွန်တော်တို့သိခဲ့ကြတာ နှစ်တွေအရမ်းကြာခဲ့ပြီ။

ဒီနှစ် ကျွန်တော် အသက် ၂၀ ပြည့်တဲ့နှစ်။

ကျွန်တော့်ရဲ့အသက်ရှင်နေရတဲ့ ဘဝသက်တမ်းတစ်ခုလုံးနီးပါးမှာ ကိုကိုကပါဝင်နေခဲ့တာ။ ကျွန်တော့်ရဲ့ ၁၅ နှစ်စာ ဘဝသက်တမ်းက ကိုကိုနဲ့သက်ဆိုင်နေခဲ့တာ။

မနှစ်ကအထိ ကျွန်တော်တို့အတူတူရှိခဲ့ကြတာ.. နှစ်ယောက်လုံးရဲ့မွေးနေ့တွေမှာ အတူတူရှိပြီး မခွဲမခွာဖြတ်သန်းခဲ့ကြရင်းနဲ့ပဲ..။

ဒီနှစ်မှာတော့ အရင်လိုတွေမဖြစ်နိုင်တော့ဘူးထင်ပါရဲ့..
မွေးပေးထားတဲ့ မေမေ့ကိုအားနာမိရပေမဲ့ ကိုကိုမရှိတဲ့ ဒီနှစ် ကျွန်‌တော့်ရဲ့မွေးနေ့က ပျော်စရာလည်းမကောင်းသလို၊ အဓိပ္ပါယ်ရှိတဲ့မွေးနေ့လည်းဖြစ်လာမှာမဟုတ်ဘူး..။

မိသားစုအတွက်.. အထူးသဖြင့် ဖေဖေနဲ့မေမေအတွက်တော့ ကျွန်တော့်ရဲ့ အသက် ၂၀ ပြည့်မွေးနေ့က သေချာပေါက် အဓိပ္ပါယ်နက်နက်နဲနဲတွေနဲ့ပြည့်ဝနေခဲ့ပေမဲ့ မွေးနေ့ရှင် ကျွန်တော့်အတွက်တော့ သာမန်ဖြတ်သန်းနေခဲ့ရတဲ့နေရက်တွေထက်တောင် ပိုလို့ဝမ်းနည်းနေရမဲ့နေ့တစ်နေ့ဆိုတာထက်မပိုခဲ့ဘူး။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အသက် ၅ နှစ်အရွယ်ကလေးလေးတစ်ယောက်အတွက် ကစားဖော်ကလေးလေးတစ်ယောက်ကို ကံကြမ္မာကတွေ့ဆုံပေးခဲ့တယ်။ ကလေးလေးနှစ်ယောက်ရဲ့တွေ့ဆုံမှုကနေ တစ်ယောက်အတွက်တစ်ယောက်က မရှိမဖြစ်တွေဖြစ်လာခဲ့မယ်ဆိုတာ..။

ဒီကလေးလေးနှစ်ယောက်အတွက် မညီမျှခြင်းဆိုတာ တစ်ခုပဲရှိခဲ့တယ်..။

အသက်အရွယ်.. ၂ နှစ်နီးပါးလောက် အသက်အရွယ်ကွာခြား‌နေတာကလွဲလို့ ထူးထူးခြားခြားကွဲပြားခြားနားနေတာမျိုး မရှိခဲ့တဲ့ အဲ့ဒီကလေးလေးနှစ်ယောက်..

Us (In Love)Tempat cerita menjadi hidup. Temukan sekarang