---1---[ Unicode ]

10 0 0
                                    


မာကျူရီမီးရောင်များစွာနဲ့ တိတ်ဆိတ်နေတဲ့ပေကျင်းရဲ့ ညမြင်ကွင်းကို
ပြတင်းအစား မှန်ချပ်များစွာကာရံထားရာနေရာကနေ ငြိမ်သက်စွာငေးမောနေမိသည်။နှင်းပွင့်ကလေးများ ခပ်ကျဲကျဲကျနိုင်လောက်တဲ့အထိ ပေကျင်းရဲ့ဘယ်ဆောင်းကများ
အေးဖူးပါသလဲ။မှန်ပြတင်းမှာ ကပ်ငြိနေသေးတဲ့
အဖြူရောင် နှင်းဖတ်ကလေးတွေရဲ့ အေးခဲမှုနှုန်းကိုပဲ လွန်ကဲလှပြီဟု
သူထင်နေမိသည်။

လက်ထဲမှာ ကိုင်ထားတဲ့ ဖန်ခွက်ထဲက နီညိုရောင်အဆင်းနဲ့အရည်တချို့လည်ချောင်းထဲကို စီးဝင်သွားတော့ ခါးသက်မှုနဲ့အတူ ပူလောင်မှုကိုပါ ထပ်တူခံစားလိုက်ရသော်ငြား....
ဝတ်ထားတဲ့ အနီရောင်လည်ပိတ်စွယ်တာက နွေးထွေးနေပါသော်ငြားလည်း ခုချိန်ထိနွေးထွေးတယ်လို့မခံစားရတာ ဘာကြောင့်များပါလဲ။

"ကျစ်"

မချင့်မရဲ သူစုပ်သပ်မိလေတော့ ဆစ်ခနဲနာကျင်မှုက တစ်ယောက်သောသူအတွက် သီးသန့်ဖြစ်တည်နေတဲ့ လည်တိုင်ဆီက။ ခပ်ရေးရေးထင်နေဆဲဖြစ်တဲ့ အနီရောင်ဒဏ်ရာလေးဟာ ဆောင်းရာသီအေးလွန်းလို့များ တဆစ်ဆစ်ကိုက်ခဲနေရခြင်းပေလား။

"ကော"

သူကြားလိုက်ရတဲ့အသံလေးဟာ နှစ်ရက်တာခွဲခွာမှုအတွက် သူလွမ်းနေသမျှရဲ့ စိတ်ခံစားချက်သပ်သပ်ဟု ထင်နေမိသည်။
နူးညံ့တဲ့ခေါ်သံလေး...။

စိတ်ကူးယဉ်မှုဖြစ်နေစေဦးတော့ လှည့်ကြည့်မိရင် သေချာပေါက်သူ့ရဲ့တစ်ယောက်သောသူ ဖြစ်နေလေမလားဆိုတဲ့အတွေးလေးနဲ့လှည့်ကြည့်မိသည်။

မျက်ကပ်မှန်အကူအညီနဲ့ ကြည်လင်နေတဲ့ပုံရိပ်ကလေးကို ဖမ်းဆုပ်နိူင်ခဲ့သည်...။

"ဝမ်လေး"

သူ့ရဲ့တစ်ယောက်သောသူက သူ့ရဲ့နောက်မှာ ခန့်ညားစွာနဲ့ရပ်လျက်တည်ရှိနေခဲ့သည်...။

Private Jetရဲ့အသံက အဲ့လောက်ပဲတိုးသက်လွန်းသည်လား
ဝမ်လေးပြန်လာတာ သူမသိလိုက်။

နှစ်ရက်တာဝေးကွာခဲ့ရတဲ့ ရင်ခွင်ဆီကို စိတ်ချလက်ချ ခိုဝင်ပစ်လိုက်သည်။ အလုပ်ပင်ပန်းလာသူရဲ့ ဆီးကြိုပွေ့ဖက်မှုက
ပေကျင်းရဲ့စံချိန်လွန်ဆောင်းအား အံတုနိုင်စွမ်းတွေပေးနိုင်သည်။
၄၈နာရီလောက် တမ်းတခဲ့ရသည့်ရင်ငွေ့လေးက သူ့အားနွေးထွေးမှုတွေ ရစ်သိုင်းသွားစေ၏။တစ်ယောက်သောသူ၏ ရင်ခွင်ကျယ်ထဲကို ခေါင်းတိုးဝင်ကာ ကိုယ်သင်းနံ့လေးကို ခိုးယူရှုရှိုက်မိ၏။

Mrs.Wang ( မစ္စစ်​ ဝမ်​ )Where stories live. Discover now