2
..Ti .... Ti .... Ti....
Ti....Ti...ကုတင်ဘေးကစားပွဲခုံပုလေးပေါ်မှာ အဆက်မပြတ်မြည်နေတဲ့နာရီလေးရဲ့ နှိုးစက်ခလုတ်ကိုရိပေါ်ပိတ်လိုက်သည်။
နေရောင်ခြည်ဖျော့ဖျော့တိုးဝင်နေတဲ့ ပြတင်တံခါးဆီက ခန်းဆီးအဖြူရောင်လေးကလေပြေအေးအေးမှာ ယိမ်းသမနှယ်ပျော့ပျောင်းလူးလွင့်နေသည်။
ရင်ခွင်ထဲမှာ ကျစ်နေအောင်ထွေးဖက်ထားမိသော
ချစ်မဝတဲ့အသည်းညှာလေးရဲ့ မျက်နှာနုနုချောချောဆီကို ကျရောက်နေတဲ့နေရောင်ကို လက်နဲ့ကာလိုက်သည်။ အသက်မကချစ်ရသူမို့နေရောင်ထိုးလို့ အိပ်ရေးပျက်မှာလည်း စိုးရိမ်ပါသည်။ ရိပေါ်က သူလက်ကာပြီးမှ လှုပ်ရှားလာတဲ့ရှောင်းကျန့်ကြောင့်ပြုံးမိသွားသည်။"နိုးပြီလား အချစ်.... မနက်စာအရင်စားချင်လား မျက်နှာအရင်သစ်မလား"
ည ညဆိုလည်း မုန့်ထုပ်တွေမစားရရင်အိပ်မပျော်တဲ့ သူ့ချစ်မဝလေးက
မနက်ဆိုရင်နိုးနိုးချင်း မနက်စာစားတတ်သည့်အကျင့်ကို သိနေသည့်ရိပေါ်ကမေးလိုက်သည်။ရှက်သွားသည့်ရှောင်းကျန့်ကတော့ ပခုံးရောက်နေတဲ့စောင်ကိုမျက်နှာထက်ဆွဲတင်ပစ်လိုက်ပြီးမှ အဖြေပေး၏။
"ထပ်အိပ်ဦးမှာ"
"ထသင့်နေပြီနော်ရှောင်းပေါင်းပေါင်း ... ညကအိပ်ရေးမဝလို့ ထပ်အိပ်ချင်တာလား ဟမ်...."
အနည်းငယ်တည်တံ့နေတဲ့ ရိပေါ်ရဲ့အသံမှာ ကျီစယ်လိုရိပ်တွေအပြည့်။
"မအိပ်ရဘူးလေ...အဲ့ဒါကြောင့်ကိုယ့်တာဝန်ကိုယ်ယူပါ မစ္စတာဝမ်"
စောင်ထဲကနေ ထထိုင်လိုက်ကာ လက်နှစ်ဖက်ကိုဆန့်တန်းပြောလာတဲ့
ရှောင်းပေါင်းပေါင်းဆိုလိုတာက ရိပေါ်အားချီခိုင်းခြင်းဖြစ်သည်။"ဟုတ်ပါပြီဗျာ .... လာ "
ရှောင်းကျန့်ရဲ့ဘေးမှာရိပေါ်မတ်တပ်ရပ်ကာခါးကိုင်းပေးလိုက်တော့
လွှားခနဲခုန်တက်လာတဲ့ပိန်သေးသေးခန္ဓာကိုယ်လေးရဲ့ခြေထောက်သွယ်သွယ်လေးတွေက သူ့ခါးဆီရစ်တွယ်ထားပေမယ့်
ပြုတ်ကျမှာကိုစိုးရိမ်စိတ်ကြောင့်ခါးကျင်ကျင်လေးကိုထိန်းဖက်လိုက်သည်။