Episode 4

551 47 12
                                    

ထယ်ယောင်းတစ်ယောက် ကျောင်းရောက်တော့ လီအာကို အရင်ဆုံး ရှာခဲ့တာပေါ့။ နေမကောင်းတဲ့ ရက်တွေအတွင်း လီအာတစ်ယောက်ထဲ ဖြစ်နေမှာကို စိုးရိမ်နေပြီး အခု လီအာ ဘယ်လိုအခြေအနေများ ရှိမလဲဆိုပြီးပေါ့။

လီအာနဲ့ တွေ့နေကျ စာကြည့်တိုက်လေးထဲ သွားလိုက်ပြီး လီအာကို စောင့်နေခဲ့ပါတယ်။ လီအာတစ်ယောက် ထယ်ယောင်းကို တွေ့တော့ အရမ်းကို ပျော်သွားတာပေါ့။

လီအာ:ဟာ ထယ်ယောင်းရှီ။...ဒီနေ့တော့ ရောက်လာတယ်နော်။ အရင်နေ့တွေတုန်းက စောင့်နေခဲ့ရတာ။

ထယ်ယောင်း:အွန်း ဘီရမ်။ ငါနေမကောင်းလို့။

လီအာ:ဘာ နေမကောင်ဝူး ဟုတ်လား ဘယ်နားက နေမကောင်းတာလဲ။ ဆေးရော သောက်ခဲ့ရဲ့လား။ ဆရာဝန်က ဘာပြောသေးလဲ။

ထယ်ယောင်း:ငါအရမ်းကြီး နေမကောင်းဖြစ်တာ မဟုတ်ပါဘူး။ ဒါနဲ့ မင်း ငါမရှိတဲ့ ရက်တွေတုန်းက တစ်ယောက်ထဲ ပျင်းနေခဲ့မှာပဲ။

လီအာ:ဟင် မပျင်းပါဘူး။ ဂျီမင်က အတူ စကားလာပြောပေးတယ်။

ထယ်ယောင်းတစ်ယောက် အံ့သြသွားတာပေါ့။ သူမ ဂျီမင်ကို ဘယ်လိုများ သိနေတာလဲဆိုပြီးတော့ပေါ့။

ထယ်ယောင်း:မင်းက ဂျီမင်ကို ဘယ်လိုသိနေတာလဲ။

လီအာ:ထယ်ယောင်းပြောခိုင်းသလို လီအာ ဂျီမင်ကို ပြောလိုက်တယ်။ ဒါမဲ့သူက ကြောက်လို့ ထွက်မပြေးတဲ့အပြင် ကြင်ကြင်နာနာရှိပေးတယ်လေ။ အဲ့ကနေ ချင်းဂု ဖြစ်သွားတာ။ အော်..ဟိုမှာ ဂျီမင်ရှီ....

ဂျီမင်တစ်ယောက် စာကြည့်တိုက်ထဲ ဝင်လာရော လီအာက လှမ်းခေါ်လိုက်တာပေါ့။

ဂျီမင်:ထယ်ယောင်း မင်းလဲ ဒီမှာ ရှိနေတာလား။

ထယ်ယောင်း:အွန်း ဒါက ငါတို့နှစ်ယောက် စာဖတ်တဲ့နေရာလေ။

ဂျီမင်:အူရီ?..ဟုပါပြီ။ လီအာ ဒီနေ့ရော ဘာစားချင်လဲ။ ကိုယ်ဘာသွား ဝယ်ပေးရမလဲ။

လီအာ:အွန်း ဟိုတခါက စပ်စပ်လေးနဲ့ စိမ့်စိမ့်လေး အချောင်းလေးတွေ အဲ့တာစားချင်တယ်။

ဂျီမင်:တော့ပိုကီလား။ ဟဟ ဝယ်ခဲ့ပါတယ်နော်။ ဒီမှာ ရော့။ ကျောင်းဆင်းမှပဲ စားတော့။

The Boy And Soft FlowerWhere stories live. Discover now