episode 12

312 31 28
                                    

ဒီနေ့ဆို လီအာဆေးသွင်းရတာ ၁လပြည့်ပါပြီ။ ထို့အတူ ထယ်ယောင်းနဲ့မတွေ့ရတာကလဲ ၁လပြည့်သွားပြီပေါ့။ တော်တော်လဲ ပြန်နေကောင်းနေပါပြီ။ လီအာတစ်ယောက် ဒါကိုတွေးလို့ စိတ်ညစ်ရတိုင်း အရာတခုက သူမကို အဖော်ပြုပေးနေခဲ့ပါတယ်။ ဒါကတော့ စာလေးတစောင်ပါ။ ဒီစာကို ပို့လိုက်သူရဲ့ အမည်ကို အတိအကျ မဖော်ပြထားပေမဲ့ နံမယ်ပြောင်အနေနဲ့ (ပန်းလေးရဲ့မူပိုင်ရှင်) ဆိုပြီး တပ်ထားပါတယ်။

လီအာ:အိမ်..အိမ်တော်ထိန်းကြီး စာရောက်ပြီလားဟင်။

အိမ်တော်ထိန်း:မမလေး ဖြေးဖြေးလာပါ။ စာရောက်ပါပြီ။

လီအာ:စောင့်နေလိုက်ရတာ။ ဒီနေ့နောက်ကျလှချည်လား အရင်ကဆို မနက်၈နာရီဆိုရောက်ပြီ။ ဒီနေ့၁၀ နာရီမှရောက်တယ်။

အိမ်တော်ထိန်း:နောက်ခါကျရင် တဖြင့်လူတွေဆီ စာမပို့ခင် မမလေးဆီအရင်ပို့ဖို့ စာပို့သမားကို ပြောလိုက်ပါမယ်။

လီအာလဲ စာအိတ်လေးကို အမြန်ဖောက်လိုက်ပြီး အထဲကစာကို ဖွင့်ဖတ်ကြည့်လိုက်တာပေါ့။

"ပန်းလေးရေ....
ဒီနေ့တော့ ကိုယ်ပြောပြချင်တဲ့ အကြောင်းလေးကတော့ ပန်းလေးကို အထီးမကျန်ရအောင် အမြဲ အဖော်ပြုပေးနေတဲ့ ငှက်လေးတွေ အကြောင်းပါ။ ပန်းလေးရဲ့ အခန်းပြတင်းပေါက်ကနေ အနီးက ကုက္ကိုပင်အကြီးကြီးမှာ နားနေတဲ့ ငှက်လေးတွေနဲ့အတူ ကိုယ်လဲ ပန်းလေးအနား အမြဲရှိနေပါတယ်။ ပန်းလေးတော့ ကြားနိုင်မလား မသိဝူး။ပန်းလေးကို ကိုယ်အမြဲပြောနေတဲ့ စကားလေးတခွန်းရှိတယ်။

အဲ့ဒါက........

ဆာရာဟယ် လီအာရာ''

အိမ်တော်ထိန်း:ဒီနေ့ရော ဘာရေးထားတာလဲဟင်။

လီအာ:ဒီနေ့တော့ လီအာအနားမှာ ရှိနေတဲ့ငှက်လေးတွေအကြောင်းပါ။ အကြောင်းအရာသာ ပြောင်းသွားတယ်။ အမြဲနိဂုံးကတော့ တူတူပဲ။ ဟဟ

အိမ်တော်ထိန်း:ကြည့်ရတာ စာကိုပို့နေတဲ့သူက မမလေးကို အတော်ကိုချစ်ပုံရတယ်။ ဒါနဲ့ ဒီနေ့ဆရာဝန်ကြီးဆီ သွားရမှာမလား။ ပြင်ဆင်ထားလိုက်တော့လေ။

The Boy And Soft FlowerWhere stories live. Discover now