episode 14

481 30 10
                                    

ထယ်ယောင်းဆေးရုံကို ပြန်ရောက်တော့ ဆရာဝန်ကြီးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တာပေါ့။

ထယ်ယောင်း:ဗျာ မိန်းကလေးတစ်ယောက် ဒီလာသွားတယ် ဟုလား။

ဆရာဝန်:ဟုတယ်။ လူနာနဲ့ ပြဿနာတက်တယ်နဲ့ တူတယ်။ လူနာက စိတ်တွေအရမ်း ဖောက်ပြန်လာခဲ့ပြီး ဝုန်းဒိုင်းကျဲတော့တာပဲ။ ဟိုဘက်က မိန်းကလေးလဲ ကျန်းမာရေးမကောင်းပုံ ပေါ်တယ်။

ထယ်ယောင်းpov:
လီအာများလား။ မဟုတ်လောက်ပါဘူး။ လီအာက ဒီနေရာကို ဘယ်လိုသိမှာလဲ။

ထယ်ယောင်း:ဟုကဲ့ ဒါဆိုကျတော် လူနာဆီ သွားတွေ့လို့ရတယ်မလား။

အခန်းထဲရောက်တော့ စိတ်ငြိမ်ဆေးကြောင့် ခြေကုန်လက်ပမ်းကျနေတဲ့ နာယွန်းကို ကုတင်ပေါ်မှာ ထိုင်လျက်သားတွေ့တာပေါ့။

နာယွန်း:ပြန်ရောက်ပြီလား။

ထယ်ယောင်း:အွန်း ခုနက ပြဿနာဖြစ်တယ်ဆို။ စိတ်ကိုထိန်းမှပေါ့။ နေလဲကောင်းသေးတာမဟုတ်ပဲနဲ့။ ဘယ်နားထိခိုက်သွားသေးလဲ။ လက်လား။

ထယ်ယောင်းတစ်ယောက် နာယွန်းလက်မှာ တခုခုဒဏ်ရာများ ရနေမလားဆိုပြီး ကြည့်နေတဲ့အချိန်...

နာယွန်း:ငါ့ဆီလာသွားတဲ့သူက ဘယ်သူလဲဆိုတာ မသိချင်ဝူးလား။ ငါ့သူ့ကို ပြဿနာအကြီးအကျယ်ရှာခဲ့တာနော်။

မျက်နှာသေနဲ့မေးလာတဲ့ ဒီအမေးကြောင့် ထယ်ယောင်းနဲနဲ ကြောင်သွားတာပေါ့။

ထယ်ယောင်း:ဟိုဘက်က ဘာမှမဖြစ်သွားဘူးလို့ ကြားတယ်။ ဒါကိုငါက ဘာစိတ်ပူစရာ ရှိလို့လဲ။ ကြည့်အုံး။ ဖန်ကွဲစတွေ ခဏလေး ငါဆေးထည့်ပေးမယ်။

နာယွန်း:ဂင်လီအာမှာလဲ ငါလို အတော်ဆိုးဝါးတဲ့ ရောဂါ ရှိတဲ့ပုံပဲ။ ဟ ဘာလို့ နင့်အနားက မိန်းကလေးတွေက ရောဂါသည်တွေချည်း ဖြစ်နေရတာလဲ။

ထယ်ယောင်း:ရုတ်တရက်ကြီး ဂင်လီအာက ဘယ်က ပါလာတာလဲ။ ဧကန တကယ်ပဲ ဒီကို လီအာ....

နာယွန်း:မာဂျာ(မှန်တယ်) ဂင်လီအာ ဒီကိုလာသွားတယ်။ ငါ အော်ဟစ်လိုက်တာ သူ့နှလုံးတော်တော်နာကျင်သွားပုံ ပေါ်တယ်။ ပြီးတော့ နင်က သူ့ကို လောင်းကစားအတွက်နဲ့ ချစ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလဲ ပြောပြလိုက်တယ်။

The Boy And Soft FlowerWhere stories live. Discover now