အခန်း(၃)

346 38 0
                                    

"သိကျွမ်းခြင်း"

လုပ်အားပေးဒုတိယရက်ဆိုတော့ ဝေလဲ ဆေးခန်းသို့ ခပ်စောစောလေးထွက်ခဲ့သည်။ မ‌နေ့က ကိုလွင် ရှင်းပြထားသော ဆေးတွေနေရာကို မှတ်မိအောင်ပြန်လေ့လာရမည်။ ဆိုင်ရာပိုင်ရာကို ငေးနေသောကြောင့် လွတ်သွားသော နေရာများစွာရှိသည်။ ၈ နာရီခွဲ‌လောက်အချိန်တွင် accident ဖြစ်၍ ခြေထောက်ကွဲသော လူနာရောက်လာသည်။ ဆေးခန်းတွင် volunteer သုံးယောက်မှလွဲ၍ ဆရာဝန်များရောက်မလာသေးပေ။ ဝေသည် အရက်ပြန်၊ဂွမ်း၊ ပတ်တီး များ Betadine နှင့်ဆေးထိုးအပ်များကို အဆင်သင့်ပြင်ထားသည်။ ‌ဒဏ်ရာကို ချုပ်ရန် လိုအပ်သော surgical materials များကို အသင့်ပြင်နေစဉ် မမရွှေရောက်လာခဲ့သည်။ မမရွှေမှ surgical gloves ဝတ်ပီး ကူညီပေးမည့် လက်ထောက်ကိုရှာနေသည်။

ဝေသည် မမရွှေနားသို့‌ရောက်သောအခါ ဝေ့ကို တစ်ချက်ကြည့်ပီး ထုံဆေးပေးရမယ်ဟု ပြောလေသည်။ ဝေသည် မမရွှေညွှန်ကြားသမျှကို အကူအဖြစ်လုပ်ပေး‌ နေခဲ့သည်။ မမရွှေသည် သေသေသပ်သပ်လျင်လျင်မြန်မြန်ဖြင့် ချုပ်ပီးလေသည်။

လူနာအား သန့်ရှင်းရေးလုပ်ပေးနေစဉ် သူနာပြုတစ်ယောက်လာသောကြောင့် ဝေသည် လက်ဆေးရန် ထွက်လာခဲ့သည်။

"ဆေးကျောင်းသူလား" ဟူ‌သောအသံကြောင့် ဘေးသို့လှည့်ကြည့်မိသည်။ မမရွှေအားမြင်လိုက်ရသောကြောင့် ငေးကြည့်နေမိပြန်သည်။ မမရွှေမှ ဟိတ် မေးနေတယ်လေ ဟု ထပ်ပြောမှ မျက်နှာလွှဲလိုက်မိသည်။

"မဟုတ်ပါဘူး"

"ဒါဆို သူနာပြုလား"

"မဟုတ်ပါဘူး"

"ဒါဆို ဆရာဝန်လား" မေးခွန်းတွေမေးနေသော မမရွှေအား မျက်နှာချင်းဆိုင်ကြည့်ပီး

"မဟုတ်ပါဘူး" ဟု တုံးတိသာဖြေမိသည်။ ဒီအဖြေကို မကျေနပ်သေးသော မမရွှေမှ ထပ်ပီး

"ဒါဆို ဘာလို့ ချုပ်ဖူးတဲ့သူတစ်ယောက်လို ကျွမ်းကျင်နေရတာလဲ"

မမရွှေ၏ မေးခွန်းမှာဖြေဖို့သင့်သောမေးခွန်းဖြစ်သည်။ ဆေးနှင့်ဆက်စပ်မှုမရှိသော volunteer တစ်ယောက်သည် accident ဖြစ်သော လူနာအား ဆရာဝန်နဲ့ အတိုင်အဖောက်ညီညီ ချုပ်နိုင်သည်မှာ အနည်းငယ်ထူးဆန်းစရာပင်။

Time To SpringWhere stories live. Discover now