မနက်မိုးလင်းလို့ နေရောင်ခြည်ပင်အတော်ရင့်လာကာမှ လိယန်နိုးလာတော့တယ်...သူ သူ့မျက်နှာဖြူဖြူနုနုလေးကို အားနဲ့ဆွဲဆိတ်ကြည့်ပီး...
'အား....နာတယ်ဟ..တကယ်ကြီးပဲ'
သူအိမ်မက် မက်နေတာလဲမဟုတ်ဘူး.. စိတ်ကူးအယဥ်လွန်သွားတာလဲမဟုတ်ဘူး...တကယ်ကိုသူက ဝိညာဥ်ကူးပြောင်းလာတာ...ကဲ..ဒီကိုယ်ရောက်ပီဆိုမှတော့ ဒီကိုယ်လုပ်နေကျလုပ်ရင်းပဲ နေ့ရက်တွေကိုကျော်ဖြတ်ရ တော့မှာပေါ့လို့...လီလင်းကတော့.. စောင့်တာကြာပီထင်ပါရဲ့...မျက်နှာသစ်ဇလုံလေးကိုင်လို့ သူနိုးတာနဲ့တန်းဝင်လာတယ်...
"လီလင်း...အခန်းထဲကပန်းဆီရောင်ပစ္စည်းအကုန်ရှင်းရအောင်..."
"အန်..ဒါဆို သခင်မကြီးမုန့် လာကြည့်ရင်ဘယ်လိုလုပ်မလဲ...ဒီပန်းဆီရောင်ပစ္စည်းတချို့က သခင်လေး ချီစွမ်းအင်တွေစုပ်ယူရင်မမြင်ရအောင် ဖုံးကွယ်ထားပေးတာလေ"
"တခြားအရောင်နဲ့အစားထိုးသုံးလဲဖစ်ပါတယ်...ပန်းဆီရောင်ကြီးဖစ်ဖို့မှမလိုတာ...နောက် သူလဲမသိလောက်ပါဘူး...အခုငါ့အဆင့်နဲ့ဆို ဒီအိမ်တော်မှာ ဖေဖေနဲ့မင်းပဲ ငါ့ထက်မြင့်တော့ကျင့်စဥ်မြင်နိုင်တာလေ..."
"ကောင်းပါပီ သခင်လေး...ကျနော်ခိုင်းထားလိုက်မယ်...နောက်ဒီနေ့ သခင်မကြီးမုန့်ရဲ့ သားဝေ့ရှောင်းလျန်ရဲ့ စေ့စပ်ပွဲပါ သခင်လေးတက်ရောက်ဖို့လိုပါတယ်..."
"ငါမသွားဘူး...ငါနဲ့ဆိုင်တာလဲမဟုတ်ပဲနဲ့...သူတို့ဘာသာစေ့စပ်တာလေ"
"ဒါမဲ့ မုန့်သခင်မကြီးက သခင်လေးကိုမတွေ့ရင် သူ့ကိုစော်ကားတယ်ဆိုပီး...တခုခုလုပ်လိမ့်မယ်..ကျနော်ကသခင်လေးနားအမြဲရှိနေမှာဆိုပေမယ့် တခါတလေမရှိခဲ့ရင်ဘယ်လိုလုပ်မလဲ"
"အိုက်ယား...မင်းမရှိလဲငါက သိုင်းမတတ်လို့လား"
"အွန်း...တတ်ပီး မသုံးလို့လေ..ကျင့်စဥ်ပဲမြင့်နေပီး သိုင်းလေ့ကျင့်ဆို လေ့ကျင့်လို့လား ပြန်စဥ်းစားဦး"
"ဟီး...ဟုတ်သား...လီလင်းငါဒီနေ့ကစပီး သိုင်းပြန်ကျင့်တော့မယ်..တောင်ထွဋ်ကိုသွားရအောင်..."
"အခုမှကြိူးစားနေတာ.. အဲ့အရင်စေ့စပ်ပွဲကိုတော့တက်မှရပါမယ်..သခင်လေး..သခင်ကြီးလဲအဲ့မှာရှိနေမှာဆိုတော့ သခင်လေးတယောက်ထဲကွက်ပီးပျောက်လို့မသင့်တော်ဘူးလေ"
YOU ARE READING
My wife is my remedy
Historical Fictionလူတဦးကိုတဖက်သက် ၅နှစ်တာချစ်ကြိုက်ပီးနောက် နောက်ဆုံးပြန်ချစ်ပီဟု ထင်ပီးသွားရောက်တွေ့ဆုံရာမှ ထိုသူ၏အနိုင်ကျင့်ဖျက်ဆီးခံတော့မည့်အချိန် ထွက်ပြေးလွတ်မြောက်ပီဟုထင်ကာမှ သူသေသွားတယ်....ချီး....တကယ်ကိုသေသွားခဲ့တယ်... ပြန်လည်နိုးထလာတော့... !???! ပန်းဆီရောင်က...