part(13)အိမ်ရှေ့စံနှင့် ပထမဆုံးတွေ့ဆုံမှု

159 16 0
                                    

နန်းတော်တွင်းရှိ နေရာတိုင်းမှ ချီအရင်းမြစ်တို့ စတင်စုဝေးလာပီး..ရှီးယွမ်နန်းဆောင်ကြီး၏အတွင်းပိုင်းသို့စိမ့်ဝင်လာပီးနောက် ​သလ္လင်ပေါ်ထိုင်နေသောသူ၏ ဒျန်တျန်အတွင်းသို့ဝင်ရောက် စုစည်းလာကြပီး နောက်ဆုံးသောချီအရင်းမြစ်ကြီးကိုစုပ်ယူပီးချိန် ထိုသူသည် ကျဲဒျန်အဆင့်၏အထွဋ်ထိပ်သို့ရောက်ရှိကာ ယွမ့်ရင်းအဆင့်သို့ကူးပြောင်းရန် ဆံခြည်တမျှင်မျှသာလိုတော့လေသည်။

သူ၏ ဖီးနစ်မျက်ဝန်းအစုံတို့ကတိကျသေသပ်စွာပိတ်နေရာမှ ပွင့်လာပီး အချိန်အတော်ကြာမမြင်ရသော မျက်ဝန်းမှအပြုံးတခုကိုမြင်လိုက်ရသော်ငြား အပြင်တွင်တော့တည်ငြိမ်နေဆဲ ထူထဲတိကျသောနှုတ်ခမ်းတစုံက ရေးရေးလေးပြုံးနေဟန်ရှိသော်လည်း မသိသာ...

"တကယ်ပဲ...နတ်ဘုရားအဆင့်သက်တန့်ဆေးလုံးပဲ..."
ရွမ်လိ...ဝမ်းသာလွန်းသဖြင့်ထပင်ငိုမိမတတ်...သူ့တပည့်ဖစ်သူ အင်ယာပါ၏အိမ်ရှေ့စံ ထိုဆေးလုံးသောက်ကာ တရားထိုင်ကျင့်ကြံသည်နှင့် ချီစွမ်းအင်များစတင်စုပ်ယူနိုင်ပီး ချက်ချင်းပင် အဆင့်သုံးဆင့်တက်ကာ ကျဲဒျန်၏နောက်ဆုံးဆင့်သို့ကူးပြောင်းနိုင်ခဲ့ပီလေ...သူအိမ်ရှေ့စံအဆိပ်မိချိန်မှစ၍ ချီစွမ်းအင်များလွဲပြောင်းကုသသော်လည်း အရာမတွင်ခဲ့ အိမ်ရှေ့စံကလည်း သူ့ဘာသာအဆိပ်မိတာဆရာနဲ့မဆိုင်ဟုဆိုပီး လက်မခံသဖြင့် ဒျန်တျန်အားခြေဖျက်ကာ အိမ်ရှေ့စံ၏သွေးအဆိပ်ပြေစေရန်ဆေးဖော်ခဲ့သော်ငြား အရာမတွင်ခဲ့...ယခုမူဤနတ်ဆေးတလုံးဖြင့်ပင် ကျင့်ကြံဆင့်ထိုးဖောက်တက်ရောက်နိုင်ခဲ့ပီလေ...

"ဒီက ဆရာကို သွေးကြောစမ်းသက်ခွင့်ပြုပါ..အရှင့်သား"

"ဆရာ..နိမ့်ချဖို့မလိုပါဘူး..ကျနော်ခံစားမိပါတယ် အဆိပ်တွေပြေသင့်သလောက်ပြေနေပီဆိုတာ.."

ထုတ်ပေးလာသောလက်တဖက်ကိုကိုင်၍ သူ၏နှံ့စပ်သောဆေးပညာကိုအသုံးပြု၍ ချီစွမ်းအားနှင့်သွေးအဆိပ်တို့ရောထွေးနေသည့် မရီဒန်တို့အားစစ်ဆေးကြည့်ရာ အဆိပ်၏ပမာနမှာ သိသာစွာလျော့ချပျောက်ကင်းသွားပီး အနည်းငယ်ကျန်နေသေးစေကာမူ ကျင့်ကြံဆင့်တိုးတက်ဖို့အတွက် ကြီးမားသည့်အဟန့်တားမဟုတ်ချေတော့...သို့သော် မပေါ့ဆသင့်သေး..ရှင်းရှင်းမပျောက်ကင်းပါက ရွေးစေ့မျှအဆိပ်လဲ အဆိပ်သာ...

My wife is my remedy Where stories live. Discover now