part(14)လိယန်အတွက် ဆရာရှာပေးတဲ့လီလင်း

150 16 4
                                    

"ငါ့လူကိုလွတ်..."
လိယန်...သူ့လူကို လူအများကြီးမှဝိုင်းထားသောကြောင့် စိတ်တိုကာ အော်ဟစ်လိုက်၏...

သူ၏ငယ်ရွယ်သောအသံကြောင့် အမိန့်ပေးသံနဲ့မတူပဲ စိတ်ဆိုးနေသည့်ကြောင်ပေါက်အသံနှင့်တူသောကြောင့် ထိုအခါမှ အသက်ဝင်လာပီး ရီမိလိုက်သည့် အိမ်ရှေ့စံရှိူးဟန်...ကျောက်ယွိနှင့်ကိုယ်ရံတော်များလန့်တောင်လန့်သွား၏...အိမ်ရှေ့စံကရီလိုက်တယ်...ကျင့်စဥ်တက်ပီးအဆိပ်ပြေသွားတာတောင် မရီခဲ့တဲ့လူက..အခုထရီနေတယ်...

လိယန်သူ၏နောက်မှရီသံကြောင့်ကြည့်လိုက်တော့..ခုနကသူ့ကိုဝင်တိုက်တဲ့လူကြီး..မြင့်မားတဲ့အရပ် ကြည့်ကောင်းလွန်းတဲ့ရုပ်ရည် သားနားတဲ့ဝတ်စားဆင်ယင်မှုကြောင့် အမတ်မင်းရွမ်လိရဲ့သားထင်တယ်...
'ချီးပဲ...သူ့ကိုဝင်တိုက်မိလို့ ငါတို့ကိုဖမ်းပီးသတ်ပစ်မှာ​တော့မဟုတ်လောက်ပါဘူးနော်...ဘုရင်​ခေတ်လူတွေက တခုခုဆိုအသေးဖွဲ့တောင်သတ်ပစ်ကြတာဆိုတော့'

ပို၍ တင်းမာလာတဲ့လိယန်ရဲ့ပုံကြောင့် ရှိူးဟန်စိတ်ထဲထိတ်ကနဲဖစ်ကာ...သူ၏နောက်လိုက်များကို အချက်ပြပယ်ရှားစေလိုက်ပီး တောင်းပန်စကားဆိုလိုက်လေ၏...

"ကိုယ့်လူတွေကြောင့် အနှောက်ယှက်ဖစ်သွားရင်တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး..."

"သခင်လေးအဆင်ပြေရဲ့လား" လီလင်း သူ၏စိတ်ထဲထိတ်လန့်မှုကိုအသာထိန်း၍ သခင်လေးအားစစ်ဆေးလိုက်၏ အကုန်လုံခြုံအောင်ဖုံးထားတာတွေမှသက်ပြင်းချ၍...

"ဒီက လူကြီးမင်းကို အားနာစရာတွေဖစ်ကုန်ပါပီ..ကျနော့်သခင်လေးက ဘာလုပ်မိလဲမသိပေမယ့်သူ့အစားကျနော်တောင်းပန်ပါတယ်..."

"မလိုပါဘူး...သူကဝင်တိုက်တာကို ကျနော်ကဝင်တိုက်တယ်လို့ထင်နေတာကလွဲရင် ကျန်တာအဆင်ပြေပါတယ်"

ခေါင်းပေါ် '?' လေးပေါ်လာသောလိယန်...သူ့ကိုဝင်တိုက်တာဟုတ်ပု့လား...သူကဝင်တိုက်တာလား...အာ့ဆိုတောင်းပန်ပီးကျေးဇူးတင်ရမှာက သူလေ...

"အိုး...တောင်းပန်ပါတယ်..ကျနော်အိပ်ချင်မူးတူးမို့ ဝင်တိုက်တာမသိလိုက်လို့..နောက်ဖမ်းထားပေးလို့ကျေးဇူးပါ"

My wife is my remedy Where stories live. Discover now