Elf - ၂

193 22 0
                                    

လှေကားဆင့်ပေါင်း လေးဆယ်ကျော်မှာ သူမဖြတ်သန်းခဲ့ရတဲ့ဖယောင်းတိုင်မီးလေးတွေက ဆယ့်နှစ်ချောင်းတိတိ ။

သူမတို့နှစ်ယောက်ခြေသံကလွဲပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့လှေကားထစ်တွေပေါ်တက်ရင်း သူမရေခဲ့တာ။

အန်ဒရီယာနာက လှေကားထစ်တွေကို အာရုံစိုက်နေတုန်း ဒိုင်ယန်က လမ်းကျဥ်းလေးတစ်ခုမှာ ချုိးကွေ့ဝင်သွားပြီး နံရံကိုနှစ်ချက်ပုတ်လိုက်တာကို သတိမထားမိလိုက်ဘူး။

ခဏကြာတော့ နံရံမှာအတော်ကိုဟောင်းနွမ်းမဲညစ်နေတဲ့ တံခါးအိုကြီးပေါ်လာတယ် ။

အန်ဒရီယာနာ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဒိုင်ယန်ကတံခါးကိုဖွင့်ပြီးလို့ အပြုံးလေးနဲ့ သူမကိုအိမ်ထဲဝင်ဖို့ အမူအယာပြလာတယ်။

"ဝင်ခွင့်ပြုပါဦး"

အန်ဒရီယာနာ ယဥ်ကျေးစွာနဲ့ဝင်ခွင့်တောင်းပြီး ဒိုင်ယန့်ကိုကျော်ကာရှေ့ကဝင်လာခဲ့တော့တယ် ။

အန်ဒရီယာနာ အိမ်ထဲဝင်လိုက်တာနဲ့ ဒိုင်ယန့်မျက်နှာကအပြုံးက ပျောက်ကွယ်သွားတော့တယ်။

အေးစက်နေတဲ့ကြောက်မက်ဖွယ်အကြည့်တွေနဲ့ ဒိုင်ယန်ကလှေကားထစ်တွေကိုကြည့်ရင်း တစ်စုံတစ်ခုကိုတီးတိုးရေရွတ်လိုက်တယ် ။

ခဏအကြာမှာပဲ ထိုလှေကားတွေက သဲတွေတဖြေးဖြေးပဲ့ကြွေပြီး အမှောင်ထုထဲမှာ လုံးလုံးပျောက်ကွယ်သွားတော့တယ်။

ပြီးတာနဲ့ ဒိုင်ယန်ကတံခါးကိုပြန်ပိတ်လိုက်ပြီး အန်ဒရီယာနာဘက်လှည့်ကာ ဖော်ရွှေတဲ့အပြုံးနဲ့ထိုင်ခိုင်းလိုက်တယ်။

အန်ဒရီယာနာကတော့ ဘာကိုမှရိပ်မိလိုက်ခြင်းမရှိဘဲ ဒိုင်ယန်ရဲ့ အိမ်လေးကိုလိုက်အကဲခတ်နေတော့တယ်။

လျှပ်စစ်မီးဆိုတာမရှိဘဲ တစ်အိမ်လုံးက နွေးထွေးတဲ့ ဝါကျင့်ကျင့် မီးအိမ်ငယ်လေးတွေထွန်းထားပြီး အိမ်ရဲ့အလည်မှာ တဖျစ်ဖျစ်တောက်နေတဲ့မီးပုံငယ်လေးနဲ့ အငွေ့တလူလူထွက်နေတဲ့ရေနွေးအိုးငယ်လေးက သူမကိုခေတ်ဟောင်းရဲ့အငွေ့အသက်တွေပေးနေတယ်။

Want A Cup Of Coffee? Where stories live. Discover now