အန်ဒယီယာနာက ခေတ်သစ်ကမ်ဘာက မိန်းမလှလေးတစ်ဦးပေါ့။
သူမရဲ့ချစ်သူက သူမတို့အတူရှိနေတုန်းမှာ သူမရဲ့သူငယ်ချင်းနဲ့ တွဲနေတာကိုသိပြီးနောက်မှာ သူမဟာပျော်ပျော်နေတတ်တဲ့မိန်းကလေးအဖြစ်ကနေ တိတ်ဆိတ်ပြီးသီးသန့်ဆန်တဲ့ မိန်းကလေးအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
တစ်ယောက်တည်းနေရင်း သူမရဲ့တည်ရှိမှုကို ဒီကမ်ဘာလောကကြီးကနေ တဖြေးဖြေး မှေးမှိန်နေစေချင်ခဲ့တယ်။
သူမရဲ့ချစ်သူက သူမအချစ်ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်တာကို သိပေမဲ့လည်း သူမဟာ ပြသနာမရှာခဲ့ဘူး။
ပြသနာတွေဟာ သူမကိုပူလောင်စေတယ်လေ။ ဒါကြောင့် သူမကအေးအေးချမ်းချမ်းပဲ ထိုလူနဲ့လမ်းခွဲပေးခဲ့တယ်။
သူမ သူတို့ကိုလွတ်လပ်စွာအတူရှိေနခွင့်ပေးခဲ့တယ်။
အဲ့ဒီနောက်တော့ တစ်ခါတစ်လေဆို
သူမရဲ့စိတ်တွေသက်သာစေဖို့ သူမရဲ့တစ်ခြားသူငယ်ချင်းတွေနဲ့ ေလျှာက်သွားပြီး လည်ပတ်နေတတ်တယ်။တစ်ခါတစ်လေတော့ သူမဘာသာတစ်ယောက်ထဲပဲ လှပတဲ့ရှုခင်းတွေ၊ ကောင်းမွန်တဲ့အစားအသောက်တွေနဲ့ အချိန်ဖြုန်းလေ့ရှိတယ်။
တစ်နေ့မှာ သူမဟာ သူငယ်ချင်းအသစ်တစ်ယောက်ရလာခဲ့တယ်။
အဲ့ဒီသူငယ်ချင်းအသစ်နဲ့က သူမတစ်ယောက်ထဲ မြို့ထဲက စားသောက်ဆိုင်ကိုသွားတုန်းက စားသောက်ဆိုင်ရဲ့ ကျယ်ဝန်းတဲ့ဖျော်ဖြေပွဲဧရိယာမှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်။
သူငယ်ချင်းအသစ်လေးက စကိတ်စီးရတာ ဝါသနာပါတဲ့ပုံပဲ။
သူ့မှာ အနက်ရောင်ဆံပင်တွေ ၊ တောက်ပနေတဲ့မျက်လုံးတွေရယ်ရှိပြီး ၊ အနည်းငယ်ဖော်ရွှေတဲ့အပြုံးတို့ရှိတယ်။
သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက ရိုးရိုးလေးပါပဲ။
အန်ဒရီယာနာက အိမ်တွင်းပုန်းမလေးဖြစ်နေခဲ့တာလေ ။ ဒါကြောင့် သူမကအပြင်ထွက်ရင် သူမရဲ့နူးညံ့ပြီးချစ်စရာကောင်းလှတဲ့မျက်နှာလေးကိုဖုန်းကွယ်ဖို့ ဦးထုပ်အဝိုင်းအကြီးကြီးကို အမြဲဆောင်းသွားလေ့ရှိတယ်။
VOUS LISEZ
Want A Cup Of Coffee?