မိန်းမပျိုလေးအိပ်ပျော်သွားတာနဲ့တစ်ပြိုင်နက် ငြိမ်သက်နေတဲ့အိပ်ခန်းငယ်လေးဟာ တလှုပ်လှုပ်နဲ့စတင်ပြောင်းလဲလာတော့တယ် ။ နံရံပေါ်က မီးအလင်းရောင်ဟာ ဟုတ်ခနဲငြိမ်းသက်သွားပြီး ကုတင်ကြီးဟာလေပေါ်လွင့်မြောနေတယ် ။
အိပ်ရာခင်းတွေဟာ အန်ဒရီယာနာ့ကိုယ်လေးပေါ်ကနေခွာပြီး ညအခါနာနာဘာဝများလို ဝိုင်းပတ်ကခုန်နေကြတယ် ။ သူတို့ဟာ တီးလုံးသံစဥ်တစ်မျိုးကိုလည်း ခပ်တိုးတိုးရွတ်ဆိုရယ်မောနေကြသေးတယ်။
စာကြည့်စားပွဲခုံဟာ တွန့်လိမ်ရှုံတွလာပြီး အရည်ပျော်ကျသွားတော့ သူ့ပေါ်တင်ထားတဲ့ ပန်းအိုးထဲကပန်းတွေဟာ ပွင့်ဖတ်တွေကြွေပြီးတဖြေးဖြေးညှိုးနွမ်းလို့သွားတယ် ။
အန်ဒရီယာနာဟာနိုးမလာခဲ့သလို အခန်းကြီးဟာ လေပြင်းတိုက်ခတ်နေသလို ဝုန်းဝုန်းဒိုင်းဒိုင်းအော်မြည်သံတွေနဲ့ ပိတ်ထားတဲ့တံခါးရဲ့ အဟ,လေးကနေ တလက်လက်အရောင်တွေဖြာထွက်လို့နေတယ်။ ထိုဖြစ်စဥ်ဟာ အချိန်အတော်ကြာထိဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ အားလုံးငြိမ်ကျသွားတော့တယ်။
အဲ့ဒီနောက်မှာ ပိတ်ထားတဲ့ကျွန်းနက်တံခါးကြီးက သူ့အလိုလိုပွင့်သွားပြီး ရွှေရောင်လက်လက်လင်းနေတဲ့ အလုံးလေးတစ်လုံးဟာ လေထဲကနေပျံသန်းလို့လာတယ်။
အခန်းငယ်လေးထဲမှာ အန်ဒရီယာနာဆိုတဲ့လှပတဲ့မိန်းမပျိုလေးဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားပြီ ။ ဒါပေမဲ့ သူမအိပ်စက်ခဲ့တဲ့အခန်းလေးကတော့ မူလပကတိအတိုင်း ဖြူလွလွအိပ်ရာခင်းတွေနဲ့သစ်လုံးထွင်းကုတင်လေးရယ် ၊ လှပတွေပန်းတွေဝေဆာနေတဲ့ ပန်းအိုးတစ်လုံးနဲ့စာကြည့်စားပွဲလေးရယ် ရှိနေတုန်းပဲ။
အဲ့ဒီအချိန်မှာ ဒိုင်ယန်ဟာ အန်ဒရီယာနာအခန်းရဲ့ဘေး သူ့အဘွားအခန်းလို့ပြောခဲ့တဲ့ အခန်းထဲမှာရှိနေခဲ့ပါတယ် ။ သူဟာ မှောင်ရိပ်ကျနေတဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာထိုင်နေခဲ့တယ် ။ မှောင်နေတဲ့အတွက် ဒိုင်ယန့်ရဲ့မျက်နှာကိုမမြင်ရဘူး ။
ဒါပေမဲ့ သေချာကြည့်လိုက်မယ်ဆိုရင် အမှောင်ထဲကဒိုင်ယန်မှာ အပြာရောင်တောက်တောက်မျက်လုံးတွေကနေ အစိမ်းရင့်ရောင်သန်းနေတဲ့မျက်လုံးကြီးတွေ ၊ မည်းနက်တွေဆံပင်တွေအစား ကျောလည်အထိရှည်လျားနေတဲ့ အနီရောင်ဆံပင်တွေနဲ့ သူ့ရဲ့ ချောမောကြည့်ကောင်းတဲ့မျက်နှာပေါ်မှာ ဦးဂျိုသဏ္ဍာန် အချွန်တွေအတက်တွေရှိနေတာကို တွေ့ရလိမ့်မယ် ။
YOU ARE READING
Want A Cup Of Coffee?