{17}

2.8K 238 3
                                    

သန့်စင်ခန်း ရဲ့ ထောင့်ကျတဲ့နေရာမှာ ထိုင်ချလိုက်ပြီး...ခပ်၀ဲ၀ဲကျနေတဲ့ဆံပင်တွေကို ဆွဲခါလိုက်သည်...။

ဘယ်အချိန်ကတည်းက ကျချင်နေမှန်းမသိတဲ့ မျက်ရည်တွေက မျက်၀န်းအိမ်ကနေ စီးကျလာတယ်..။

ရုတ်တရက် သတိရသွားပြီး...ဂျေးမင်ဆီကို ဖုန်းဆက်လိုက်တယ်...။

"ဖုန်းကိုင်ပါဗျာ...အကို...ဖုန်းကိုင်စမ်းပါ..."

အကြိမ်းပေါင်းများစွာသော ခေါ်ဆိုခြင်းများတွငိ ကိုင်သူမဲ့ဖုန်းလေးရဲ့ တုန်ခါမှုသာရှိလိမ့်မည်...။

ဆေးရုံခန်းပေါ်တွင်လဲ ငိုယိုနေတဲ့ လူသားလေးနဲ့...ဟိုပြေးဒီပြေး အလုပ်ရှုပ်နေတဲ့ အိမ်အကူကောင်မလေးတွေက ချစ်ဖို့ကောင်းတဲ့ ပုံလေး ဖြစ်လိမ့်မယ်...။

"ဂျီမင်လေး..မငိုပါနဲ့တော့...ဂျွန်သခင်လေး ကအခုပြန်လာတော့မှာပါ..."

"ဟင့် မရဘူး...!! မောင့်ကို ခေါ်ပေး အီးဟီး...!"

"ဂျီမင်လေး...."

ဟိုနေတဲ့ကလေးကို ဘာများပြောရမလဲ မသိတော့ ချော့၍လဲမရတော့...တာကြောင့် ဒီတိုင်းထိုင်ကြည့်နေဖို့ဆုံးဖြတ်လိုက်ရသည်...။

"ဟူး~~~~ "

အဒေါ်ကြီးရဲ့ သက်ပြင်းချသံကိုကြားလိုက်ရတော့ ကုတင်ပေါ်က အဖြူအစင်ကောင်လေးကသွားဖြူဖြူလေးတွေပေါ်တဲ့အထိပြုံးပြတယ်...။

တကယ့်ကို အဖြူအစင်ကောင်လေးပါ...~~။

"မောင်..."

ရောက်ယက်ခက်နေတဲ့ ဆေးရုံခန်းလေးထဲကို  ခပ်လေးလေး ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့လိုက်တော့ အဖြူအစင်ကောင်လေးက ပြုံးပြတာကို တွေ့ရတော့ ရင်ထဲက အပူတစ်ချို့ကျသွားသလို...။

"မောင်..သိလား သူတို့ကလေ ငါ့ကိုငိုအောင်လုပ်တယ်...."

ရောက်တာနဲ့ ရင်ခွင်ထဲ၀င်လာပြီး တိုင်ပြောပါလေကော...။

"မဟုတ်....."

"ရှုး..."

တိုးတိုးနေဟုသော အချက်ပြလိုက်ပြီး ရင်ခွင်ထဲက ကလေးပေါက်ကိုဖက်ထားလိုက်သည်...။

"ပြောပါဦး...သူတို့ကဘာများလုပ်လို့တုန်း..."

"မောင် ကျွေးတာ စားချင်တာပါဆို...သူတို့က မောင့်ကိုခေါ်မပေးဘူး ..."

အတိတ်💔   [Compelet]Where stories live. Discover now