စိတ်ရှုပ်ရှုပ်နဲ့ ဆိုဖာပေါ် ထိုင်နေလိုက်ပြီး ကော်ဖီ သောက်ချင်လာတာမို့ မိုအာ့ကို ဖျော်ခိုင်းလိုက်တယ်...။
သေသေချာချာ သတိထားမိလာတာ တစ်ခုက...ကော်ဖီရဲ့ အရသာက ပုံမှန်ထပ်ပိုခါးနေတယ်...။
"မိုအာ...!! အ့ ..."
ရုတ်တရက် ခေါင်းတွေထိုးကိုက်လာပြီ မျက်လုံးတွေ မူးေ၀သွားတာမို့ ဆိုဖာပေါ်မှာပဲ လှဲနေလိုက်တယ်...။
"ဂျွန်..သခင်လေး..."
"မို..မိုအာ..."
"ကျွန်မ..ကူ..ကူတွဲပေးမယ်နော်.."
"ရ..ရတယ်.."
ရုတ်တရက် ဂျောင်ကု ကိုယ်ပေါ်ကို မှောက်ကျ လာတဲ့ မိုအာ့ရဲ့ ခန္ဓာကိုယ်...!!
ရုန်းကန်ချင်တဲ့ အင်အားတွေလဲမရှိ !! ဒီအထိအတွေ့ကို သဘောကျနေသလို...!!
ဘာတွေလဲ...!!
"မိုအာ...အယုတ်မာမ..."
"အ..အဒေါ်ကြီး..."
ရုတ်တရက် ဂျွန်အိမ်တော်ကိုပြန်ရောက်လာတဲ့ အိမ်အကူ တစ်ချို့နဲ့ ဂျီမင်...!!
"နင်..အယုတ်တမာမ အခုချက်ချင်းထစမ်း..!! "
"အဒေါ်ကြီး..ဘာတွေဖြစ်နေတာလဲဟင်..."
တကယ့်ကို ဘာမှမသိတဲ့ မျက်နှာထားနဲ့...စူးစူးစမ်းစမ်း မေးလာတဲ့ ဂျီမင့်ကြောင့်...အဒေါ်ကြီးရဲ့ ဒေါသတွေလဲ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့...!!
*ငါ့သားလေးသာ လာဖြစ်လိုက်ပါတော့လား ပတ်ခ်ဂျီမင်ရယ်...!!*
"ကဲ ဂျီမင်လေးက တစ်ခြားသူတွေနဲ့ အိမ်ပေါ်ကို တက်တော့နော်...အဒေါ်ကြီး အောက်မှာ ချက်ပြုတ်လိုက်ဦးမယ်..."
"ဟီး ဟုတ်ကဲ့..."
အိမ်ပေါ်ကို ကျော့ကျော့မော့မော့လေး တက်သွားတဲ့ ဂျီမင့်ကို ကြည့်ရင်း စိတ်ထဲတော့ နည်းနည်း ကြည်နူးမိသား...။
"မိုအာ...ဂျွန် သခင်လေးက...နင့်ကျေးဇူးရှင်နော်...နင် အဲ့လိုယုတ်မာရသလား..."
ဂျောင်ကု ကိုကြည့်ရတာလဲ စိတ်လွတ်နေပုံ ဆိုဖာ ထက်လဲလျောင်းနေပြီး...မျက်နှာကလဲ မအီမသာ !!
YOU ARE READING
အတိတ်💔 [Compelet]
Fanficမင်းရဲ့ ဆံချည်မျှင်လေးကအစ မုန်းတာ...မင်းရဲ့ အရာရာကို...မုန်းတာ....မင်းရဲ့အရင်လူဆိုတာကိုပါ မုန်းတာ... \\Park Jimin\\ အချစ်ရာ...မင်းဘက်က အရမ်းစိမ်းကားနိုင်တာပဲ...ကိုယ်ကမင်းရဲ့ အရာရာကို ပိုင်ဆိုင်ချင်တ...