Ep 15 Uni/Zawgyi

3.4K 73 0
                                    

Unicode

အခန်း {15}

*ညစာစားပွဲ ကျင်းပချိန်*

"မ .. မောင်တို့သွားကြရအောင် ဧည့်သည်တွေလည်းစုံနေပြီ .."

"ဟုတ်ပါပြီ ဒီမှာပြင်လို့ဆင်လို့ မပြီးသေးပါဘူးဆို .."

"ဟာ...မကလည်း ဒီလောက်လှနေပြီကို .. လာပါ မောင်တို့သွားကြရအောင်နော် . " ဟူ၍ပတ္တမြားလက်လေးဆွဲ၍ ဧည့်ခံပွဲသို့ ဆင်းလာလိုက်သည်။
ပတ္တမြားလည်းသူခေါ်ရာနောက်သို့ နှုတ်ခမ်းစူစူလေးဖြင့် လိုက်လာခဲ့သည်။

"မမ .. ရောက်ပြီလား .. ဟိုမှာဆရာမတို့ စောင့်နေတယ် .."

"အင်းအင်းမောင်လေး မမသွားဧည့်ခံလိုက်မယ် .."

"ဟုတ်ကဲ့မမ ‌ကျွန်တော်လည်းသူငယ်ချင်းတွေဆီ သွားလိုက်အုန်းမယ်နော် .."

"‌အင်း...မောင်လေး .."

"နေအလင်္ကာ မင်းလည်းမင်းသူငယ်ချင်းတွေဆီ သွားလိုက်အုန်း .. တို့လည်း တို့..သူငယ်ချင်းတွေဆီ သွားလိုက်အုန်းမယ် .."

"ဟုတ်ကဲ့ မ..ချစ်တယ်နော် .. မောင်သွားပြီ .." ဟူ၍ ပတ္တမြားအားပြော၍ သွားလေသည်။ပတ္တမြားလည်း မျက်စောင်းလေးထိုး၍ သူ့မသူငယ်ချင်းတွေရှိရာသို့ လှည့်ထွက်ခဲ့လိုက်တော့သည်။

"အဟွန်း...ပတ္တမြားတို့ မင်္ဂလာဦးညလေးကတော့ ရင်ခုန်စရာတွေနဲ့နေမှာနော် .."

"ဟုတ်ပါ့အေ ရထားတဲ့ယောက်ျားကလည်း အသက်ငယ်ငယ် ချောချောလေးဆိုတော့ .."

"ကြယ်စင်တို့နော် ငါ့ကိုစမနေကြနဲ့ .. နင့်တပည့်နင်လည်း ကျောင်းမှာနိုင်အောင်ထိန်းအုန်း .."

"အံ့မယ်...ယောက်ျားကိုအခုတည်းက စိတ်ပူနေတာလား.  " ဟု ယုယက ဝင်စလေသည်။

"အာ...မစကြနဲ့တော့လို့ စားကြတော့ ကောင်မတွေနော် .."

"အေးလေ မစကြပါနဲ့တော့ .. သတိုးသမီးလေး ရှက်နေပြီဟဲ့ .."

ပတ္တမြားသည် သတိုးသမီးဝတ်စုံဇာဂါဝန် အဖြူရောင်လေးကို ဝတ်ဆင်ထားလေသည်။ ဆံပင်လေးကိုတော့ ရိုးရိုးလေးသာထုံးထားပြီးတော့ စိန်ဆံထိုးလေးနဲ့ ထိုးထားလေသည်။ နှုတ်ခမ်းနီ အနီရောင်ဖျော့ဖျော့လေးကို ဆိုးထားပြီးနောက်၊လည်တိုင်တွင် စိန်ဘယက်ကလေးကိုသာ ဝတ်ဆင်ထားလေသည်။

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now