Ep 19 Uni/Zawgyi

2.8K 68 0
                                    

အခန်း {19}

ဆေးရုံသို့ရောက်သော် ဆရာဝန်က နေအလင်္ကာနဲ့ပတ္တမြားအား ကလေးလေးတွေရဲ့ နှလုံးခုန်သံကို နားထောင်စေသည်။ နေအလင်္ကာ သူ့ကလေးလေး 3ယောက်၏နှလုံးခုန်သံကြားရတော့ စိတ်လှုပ်ရှားပြီး တစ်ကိုယ်လုံးပင်တုန်နေခဲ့သလို ခံစားနေရသည်။ သူကျောင်းမပြီးခင် သူ၏အဖေနဲ့ မာဖီးယားလောကမှာ လက်နက်တွေထုတ် တရားမဝင်ရောင်းနေရတုန်းကတောင် တိုက်ပွဲဖြစ်လျှင် အခုလိုတုန်လှုပ်မှုမျိုး မခံစားခဲ့ရပါ။ ယခုလျှင်ပင် သူရဲ့ရင်သွေးငယ်လေးတွေရဲ့ နှလုံးခုန်သံလေးတွေကြောင့် သူစိတ်လှုပ်ရှားပြီး တုန်လှုပ်နေခဲ့ပါသည်။

ပတ္တမြားတို့ ဆေးရုံကအပြန် သူမ၏မိဘအိမ်သို့ ဝင်ခဲ့လေသည်။ ပြီးလျှင်တော့ နေအလင်္ကာမိဘများအိမ်သို့ သွားမည်ဖြစ်သည်။

"မာမီရေ မမတို့လာတယ် .."

"....."

"Diamond‌ယောက်ဖရေ မ‌တွေ့တာတောင်ကြာပြီနော် .."

"ငါကမင်းနဲ့ ဘာလို့တွေ့ရမှာလဲ .."

"အာ...ယောက်ဖက စိတ်ကြီးလိုက်တာကွာ .."

"မင်းနော် မမရှိလို့ ငါဆွဲမထိုးတာ ကံကောင်းတယ်မှတ် .."

"ကယ်တော်ပါတော့ သားရယ် မင်းအစ်မတို့ နားပါစေအုန်း .."

နေအလင်္ကာသည် Diamondနဲ့အရင်ကလောက်တော့ ရန်မဖြစ်တော့ပေ။ Diamondကလည်း ကောင်းကောင်းသာပြန်မပြောတာ သူတို့ဆက်ဆံရေးက အရင်ကထက်များစွာ တိုးတက်ကောင်းမွန် လာခဲ့သည်ဟုပင် ပြောရပေမည်။

"မာမီကလည်းဗျာ ..သားကသူ့ကို မမမျက်နှာကြောင့် သည်းခံနေတာနော် .."

"အာ..ဒါဆိုရင်စိတ်မပူနဲ့ယောက်ဖ နောက်ထပ် မင်းတူလေးတွေမွေးလာရင်လည်း သည်းခံရအုန်းမှာပဲကို .."

"ခွေးကောင် .."

Diamondက နေအလင်္ကာအား မျက်စောင်းထိုး၍ ဆဲလေသည်။ ဦးမိုးစက်ရတနာရောက်လာမှသာ နှစ်ယောက်သား တိတ်သွားတော့သည်။

"သမီး ကုမ္ပဏီကို အခုDiamondဦးဆောင်လိမ့်မယ် သမီးကကိုယ်ဝန်ကြီးနဲ့မို့ သမီးမောင်ကို သမီးမမွေးခင်အထိ ကုမ္ပဏီကိုဦးဆောင်ထားခိုင်းလိုက် .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now