UNICODE
"ဒေါက်"
အိမ်ရှေ့ပြတင်းမှန်ကို မရပ်မနား ကျနေတဲ့ ခဲသံနဲ့အတူ...
"ဘဘကြီးရေ"
"တောက်"
အပြင်ကနေ မရပ်မနား အော်နေတဲ့ အသံကြောင့် တောက်ပြင်းပြင်း ခေါက်ပြီး နားထဲ ဂွမ်းစတွေ ဆို့လိုက်မိတယ်။ မပတ်သက်ချင်လို့ လျစ်လျူရှူထားလဲ မရ။ ရိုင်းစိုင်းပစ်လဲ မရတော့ ဘယ်နည်းနဲ့ ကန်ထုတ်ရမှန်းကို မသိတော့တာ။ သောက်ကလေး ပေါ်လာကတည်းက ဘေးအိမ်က အဘွားကြီးတွေ ဝိုင်းစပ်စုကြတာ တော်ရုံမှ မဟုတ်တာ။
သူ့မှာလဲ ဒီထက် ကွဲစရာ ဘာအရှက်တရားမှ မကျန်။ ပြီးခဲ့တဲ့ရက်က ကွဲထားတဲ့ အရှက်က နည်းနည်းနောနောလား။ လူက အခုထိ ကြည်လင်နေတာ မဟုတ်။ ကိုယ့်သားထက် ငယ်ရွယ်တဲ့ သောက်ကလေးဆီက နေ့စဉ်ရက်ဆက် နှောင့်ယှက်ခံနေရတာ လူကြားလို့တောင် မကောင်း။ မေမေနဲ့ ဖုန်းပြောနေကတည်းက အပြင်ကနေ ပြတင်းမှန်ကို ခဲနဲ့ပေါက်ပြီး လာနှောက်ယှက်နေတာ။
ဒေါသထွက်နေပေမဲ့ မကြားချင်ယောင်ဆောင်ပြီး စိတ်လျှော့လိုက်တာက သူ့အသံ အတက်အကျ ဖြစ်သွားတာနဲ့ သူ ဒေါသထွက်နေပြီ ဆိုတာ မေမေက သိနေတာမို့လို့ပါ။ မေမေ အသက်ကြီးလှပြီ၊ လေလှိုင်းထဲက တစ်ဆင့် မေမေ့ကို စိတ်ဆင်းရဲစရာတွေ မသိစေလိုတော့ဘူး။
ပြေးကြည့်ရင်တောင် ဘဝထဲမှာ သွေးသားရင်း တွယ်တာစရာဆိုလို့ မေမေရယ် သားရယ်ပဲ ရှိတော့ပေမဲ့ သူတို့သုံးယောက်က သင်းကွဲငှက်တွေလိုပဲ၊ သိပ်ချစ်ကြပေမဲ့ တူယှဉ်တွဲ နေထိုင်လို့ မရတဲ့ မျိုးစိတ်တွေပါ။ သုံးယောက်သား အတူတကွ ခပ်ကြာကြာ နေထိုင်မိကြတဲ့အခါ ကြိုးစားမေ့ဖျောက်ထားရတဲ့ နာကျင်စရာတွေကို ပြန်တွေးမိတတ်ကြတာ သူတစ်ယောက်တည်းမှ မဟုတ်တာ။
အသက်ကြီးလာတဲ့ မေမေ့ကို ကရုဏာသက်လို့ 'ဒီကို လာခဲ့မလား မေမေ' လို့ ခေါ်လိုက်တိုင်း...
"သားကြီးရယ် မေမေဖြင့် အသက်ကြီးလှပါပြီ၊ ငါ့သားနဲ့အတူ ရွာရိုးကိုးပေါက်တော့ လျှောက်မလိုက်နိုင်တော့ဘူးကွယ်" တဲ့။
ဒီလို ပြောပြီးတိုင်း မေမေက ရယ်တတ်သေးတာ။ သူ့ကိုတင်မဟုတ် ဗီဇတို့စုံတွဲက အတူလာနေဖို့ ခေါ်တုန်းကလဲ မေမေ ငြင်းခဲ့တာပဲ။ ဘယ်သူခေါ်ခေါ် မျက်စိမှိတ် ငြင်းနေတဲ့ မေမေ့ကိုလဲ အပြစ်မဆိုသာ သူတောင် အခုထိ သားတို့အိမ်ကို ရောက်မှ မရောက်ဖူးသေးတာ။ ဘေးလူတွေအတွက်ဆို နားလည်ရ ခက်နိုင်ပေမဲ့ သူတို့သုံးယောက်ကတော့ ဒီအတိုင်းလေးပဲ ချည်နှောင်ခဲ့ကြပါတယ်။
YOU ARE READING
"Take Me Home Where I Belong" (Completed)