I'm Fine🔥23

624 79 29
                                    

I'm Fine✨

"ငါ့ကိုနားလည်အောင်ပြောစမ်းပါဆယ်ဟွန်းရယ်"

ဗလုံးဗထွေးဆယ်ဟွန်းစကားတွေကို ဂယောင်ဆူးမှာနားမလည်။

"သူကKaiလို့……ဒါပေမဲ့မဟုတ်ဘူးတဲ့
ကျနော့်ရဲ့Kaiမဟုတ်ဘူးတဲ့ရှေ့နေကြီးရဲ့"

"ငါရူးတော့မှာပဲ သေရောသေချာရဲ့လားဆယ်ဟွန်းရယ်
မျက်ရည်တွေအရင်သုတ်စမ်းပါအုံး"

ဆယ်ဟွန်းက ဂျုံအင်ပေးသည့် လက်ကိုက်ပုဝါနဲ့မျက်ရည်တွေပွတ်သုတ်သည်။

"Kaiဆိုတာသေချာတယ်
မျက်နှာကစ အသံရော ခန္ဓာကိုယ်ရောအဆုံး အကုန်သူပဲ ဆံပင်ပဲကွဲတာ"

"ဟုတ်ရင် သူကမင်းကိုသိရမှာပေါ့"

ငြိမ်နားထောင်နေသည့် စီနီယာကင်က ဝင်ပြောသည်။
ဂျုံအင်ကတော့ ဆယ်ဟွန်းပြောစကားတွေကြောင့် မျက်ဖြူလန်နေသည်။

"အဲ့မကောင်းကောင်ကလိမ်နေတာလေ
ကျနော်မှတ်မိပါတယ်ဆို သူမှသူပဲ မသေဘူး"

"အခုကျ မင်းသူနဲ့ထပ်တွေ့စရာရှိလား"

"ရှိတယ် သူအမှုအပ်မဲ့ကိစ္စမပြီးသေးဘူး"

"ဘယ်နေ့ချိန်းထားတာလဲ
အဲ့ဒီနေ့ငါလာခဲ့မယ်"

"ရှေ့နေကြီးကဘာလာလုပ်မှာလဲ
မသေဘူးဆိုထပ်ဖမ်းအုံးမလို့လား"

"ဒီဖေ…အတည်ပြုချင်လို့ဟ
မင်းလင်က သေစာရင်းသွင်းထားပြီးသားလူ
နောက်ပြီး မင်းကိုမသိပါဘူးပြောထားတဲ့လူကို
လွယ်လွယ်ဖမ်းလို့ရမယ်ထင်နေတာလား
ပြီးတော့ငါက အရင်လိုရှေ့နေလဲမဟုတ်ဘူး
ဖမ်းချင်ရင် မင်းပဲသွားဖမ်း"

ဂယောင်ဆူးမှာ ဘာမှလဲ မသိရတော့ စိတ်ကမကြည်ချင်။
Kaiသာတကယ်ဆိုရင် ချန်းယောလ်လဲ တချိန်ချိန် ပေါ်လာမှာသေချာသည်။

တစ်လျှောက်လုံး အပြစ်ရှိသလိုခံစားလာရတဲ့စိတ်က
နည်းနည်းသက်သာရသည်။

စီနီယာဂျွန်မြောင်ကိုနှုတ်ဆက်ပြီးပြန်လာတော့
အခန်းရှေ့တွင် ဂျပ်ပုံးတစ်ခုရောက်နေသည်။

"ဘယ်သူ့ဟာလဲ"

ခြေထောက်နှင့်ဘေးတွန်းကာအခန်းထဲဝင်မယ်လုပ်တော့
ရှေ့နေဒိုဂယောင်ဆူး ဆိုသည့် နာမည်ကြောင့် ခြေလှမ်းနောက်ပြန်ဆုတ်လိုက်ရသည်။

🔥I'm Fine🔥(Completed)Tempat cerita menjadi hidup. Temukan sekarang