Ep-14(End)

3.2K 192 4
                                    

5 နှစ်ခန့်ကြာသော်...➳ ➳ ➳

"မောင် ....မောင့် သားလေးကို...
မျက်နာသစ်ပေးလိုက်ပါအုန်း....ကို ဟင်းချက်နေလို့...."

ဟင်းချက်နေတဲ့ Jimin ရဲ့ခြေထောက် တဖတ်ကို
ဖက်ကာ မျက်နှာသစ် ခိုင်းနေတဲ့...ကလေးလေး...

ပါးလေးတွေက ဖောင်းလို့...
မျက်လုံးလေးတွေ ကလည်း ဝိုင်းစက် လျက်
ယုန်သွားလေးတွေ လည်းရှိသေးသည်...

"သွား...Jungလေး ဒယ်ဒီကို သွားသည်းခိုင်းလိုက်နော်...."

"မရဝူး...ပါးပါး သစ်ပေး..."

"သားက လိမ္မာပါတယ် နော်...
သွား...ဒယ်ဒီ မျက်နှာသစ်ပေးလိမ့်မယ်...."

"မသွားဝူး....ပါးပါးဘဲ...သစ်ပေး "

"Jeon JiJung...ပါးပါး..ပြောနေတာ နားမလည်ဘူးလား..ဟမ်
သွား ဒယ်ဒီ စီကို ...."

"ဟင့်....ဒယ်ဒီ ရေ ဒီမှာ သားကို
ဆူနေတယ်...ဟင့်..."

ကလီကမာလေး တကယ့်ကိုကလီကမာလေး...
နဲနဲ ဆူရင် များများ ငိုတတ်သည်...

တခါတလေ ဆိုးတာက Jimin နဲ့ တူသလောက်...
ကလီကမာ ကျရင် Jeon နဲ့ တပုံစံထဲပင်...

"မောင်...မောင် ခေါ်နေတာ ကြာနေပြီ...
ခုထိမလာသေးဘူးလား...."

Jimin စိတ်ဆိုးသံလေး နဲနဲကျယ်သွားတော့မှ..
မီးဖိုးချောင်အခန်းထဲ ပြေးဝင်လာတဲ့...Jeon...

"သဲငယ်ရာ အော်လိုက်တာ....မောင်တောင်လန့်သွားတာဘဲ.."

"အော်ရ မှာပေါ့ အဲ့လောက်ခေါ်နေတာ မှမကြားတာ.....
ဒီမှာ...Jung လေးကိုခေါ်သွားပြီး...
မျက်နာ သစ်ပေးလိုက်အုန်း...."

"သားလေး...လာ ဒယ်ဒီစီ..."

"ဟင့်အင်း...မလာဝူး...ဟင့်..."

လက်ကလေးကို ဆွဲခေါ်တော့ ပြန်ရုန်းကာ...
Jimin ခြေထောက်ကို ပိုတိုး ဖက်ပြီး...ငိုပြန်သည်...

"ဒယ်ဒီ ...သားလေးက ငိုနေတာလား...လာ ဒယ်ဒီ စီကို....
ပြောပါအုန်း...ဒယ်ဒီ သားလေးကို ဘယ်သူဆူတာလဲ..."

Jeon ချော့ပြောလိုက်တော့မှာ...
Jimin ခြေထောက်တွေကို လွှတ်ကာ...
Jeon စီ ကပ်သွားတော့...Jeon ကချီလိုက်သည်...

"ကြည့်ပါအုန်း...မျက်ရည်တွေနဲ့...ပြော
ဒယ်ဒီ ချစ်သားလေးကို ဘယ်သူကဆူတာလဲ..."

🔥မောင့် မီးတောက်လေး🔥(Completed)Tempat cerita menjadi hidup. Temukan sekarang