Chapter-(2)

174 18 7
                                    

ယုယွမ်အမှောင်ထဲ စမ်းတဝါးဝါးဖြင့် ရှောင်ယုကားဆီ သွားလိုက်ကာ inhibitorကိုရှာ‌နေခဲ့တယ်။အလင်းရောင်မရှိတာကြောင့် အမှောင်ထဲ ဘယ်အရာကိုမှ မစမ်းမိဘူး။

ယုယွမ်ကိုယ်တိုင်လည်း ရှောင်ယုရဲ့pheromones သက်ရောက်မှုကို ခံစားနေရ‌ေသးတယ်။သူ့ရဲ့ခန္ဓာကိုယ်က ရှိသမျှ ဆဲလ်တွေအကုန်လုံး ထကြွလာသလို ဖြစ်နေခဲ့တယ်။

"ပူ...ပူတယ်.....အဆင်....မပြေ...ဘူး"

ရှောင်ယုရဲ့ pheromonesက ပြင်းသထက်ပြင်းလာခဲ့တယ်။ယုယွမ်တစ်ယောက် အစောပိုင်းက ရှောင်ယုပြောခဲ့သလို pheromonesအားနည်းတဲ့ omegaလို့ပြောခဲ့တာကို မယုံနိုင်အောင်ဖြစ်နေခဲ့တယ်။

ယုယွမ် သူ့ကိုယ်သူ အတတ်နိုင်ဆုံးထိန်းချုပ်ကာ သူ့ဘေးက omegaလေးကို နည်းနည်းဂရုမစိုက်လိုက်တာနဲ့  နာကျင်မိသွားစေမှာကို ကြောက်နေမိတယ်။

ဒီpheromones‌ရဲ့ အရမ်းချိုမြိန်မှုတွေ တစ်ဖက်လူရဲ့ ပင့်သက်ရှိုက်သံ တိုးတိုးလေးတွေ ထိုနှစ်ခုပေါင်းစက်လိုက်တဲ့အခါ ယုယွမ်အတွက် ရိုးရှင်းတဲ့ သေစေနိုင်လောက်တဲ့ ဆွဲဆောင်မှုဖြစ်နေတဲ့အခါ....

"ခင်ဗျား....ကျွန်...တော့်ကို...အမှတ်....အသား....ပေးမယ်... မဟုတ်..လားဟင်"

ရှောင်ယုရဲ့အသံလေးကြားရုံနဲ့ ယုယွမ်ရဲ့တင်းထားတဲ့ကြိုးလေးဟာ တိခနဲ ပြတ်တောက်သွားတော့တယ်။

ရှောင်ယုရဲ့pheromonesပြင်းထန်လာတဲ့အတွက်ကြောင့် ယုယွမ်ဟာ မထိန်းချူပ်‌နိုင်တော့ပဲ သူ့ရဲ့pheromonesတွေကို ထုတ်လွှတ်လိုက်တယ်။

မှောင်မဲပြီးကျဉ်းမြောင်းတဲ့ ဒီနေရာထဲမှာ အသက်ရှုသံပြင်းပြင်းနှစ်ခုဟာ အပြိုင်အဆိုင်ရစ်ပတ်နေကြတယ်။

သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တဲ့အဆုံးမှာ ယုယွမ်တစ်ယောက် ဘယ်နေရာမှန်းမသိတဲ့ inhibitorကို ရှာမနေတော့ပဲ ရှောင်ယုရှိတဲ့ဆီကိုပဲ ပြန်သွားလိုက်တော့တယ်။

ယုယွမ်ရဲ့ pheromonesသက်ရောက်မှုကြောင့် ရှောင်ယု ခန္ဓာကိုယ်လေးဟာ နူးညံ့လာကာ ယုယွမ်ရဲ့ ကိုယ်ပေါ် ကို လဲကျသွားတယ်။

အဝတ်အစားတွေ ခြားထားတာတောင် ရှောင်ယုရဲ့ အပူချိန်ကို ယုယွမ်ခံစားရစဉ်မှာ
ရှောင်ယုဟာ ကန္တာရထဲမှာ ရေငတ်နေတဲ့ခရီးသွားတစ်ယောက် အိုအေစစ်ကိုတွေ့လိုက်ရသလိုမျိုးနဲ့ ယုယွမ်ကိုယ်ပေါ်ကို ဖက်တွယ်လိုက်တော့တယ်။

ငါ့မှာ ချမ်းသာတဲ့သခင်လေးရဲ့ကိုယ်ဝန်ရှိနေပြီ(မြန်မာဘာသာပြန်)ခဏရပ်နားWhere stories live. Discover now