Chapter-(4)

136 12 3
                                    

ရှန်ယုယွမ် သူ့နှုတ်ခမ်းပါးပါးလေးကို လက်နဲ့ပွတ်လိုက်ပြီး အိပ်ယာမှထကာ ကုတင်ဘေးက ပြတင်းပေါက်ဆီ လျှောက်သွားလိုက်တယ်။

စောစောကလူတွေက ဆေးရုံရဲ့စက်ြန်‌လမ်းလေးပေါ်မှာ လမ်းလျှောက်သွားနေကြတာကိုတွေ့လိုက်ရတယ်။တစချို့က ရီနေကြပြီး တချို့ကတော့ ဆက်လက်စကားများအငြင်းပွားနေကြဆဲပဲ...

ထိုအခြင်းအရာကို ရှန်ယုယွမ် လှောင်ရယ်နေလိုက်တယ်။

ရှန်ယုယွမ် စကားမပြောသည့်တိုင်း ရှန်ယုမင်ရဲ့မရင့်ကျပ်သေးတဲ့မျက်နှာလေးမှာ စိုးရိမ်မှုတွေနဲ့ပြည့်နေပြီး စကားလဲမပြောရဲဘူး။
သူ့ရဲ့လက်နှစ်ဖက်ကလဲ ပေါင်ပေါ်မှာ တင်ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။

ယုယွမ် သူ့ညီကို စူးရှတဲ့အကြည့်ပို့ကာ လှည့်ကြည့်လိုက်ပြီးနောက် သူ့ရဲ့နှုတ်ခမ်းပါးလေးကလဲ ဖွင့်ဟလာကာ....

"ယုမင် မင်းက ငါ့ညီတစ်ယောက်ပဲလေ...
အဲ့တော့ မင်းအမြင်မှာ လျန်ဟွာတောင်လိုဏ်ခေါင်းပြိုကျတာက လူတစ်ယောက်လုပ်တာလို့ပဲ မြင်မှာပဲ ဒါကို လိုဏ်ခေါင်းရဲ့qualityနဲ့ကြောင့်ပြိုကျတာလို့ မင်းထင်သေးလား.."

ယုယွမ်ရဲ့ စကားတွေကြားပြီးနောက် ယုမင်အံ့ဩသွားကာ သူ့အကိုကို မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး...

"ဒါ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှန်ယုယွမ်ဆိုလိုတာကို သူ့ရဲ့ညီတစ်ယောက်ဖြစ်တဲ့ ရှန်ယုမင်ဟာ နားမလည်နိုင်ဘူး။
ဒါပေမဲ့ အကယ်၍ အဲ့လူတွေသာ ဒီကိစ္စ(လိုဏ်ခေါင်းပြိုကျတာ)ကို လုပ်ခဲ့တာဆိုရင် သူတို့က တကယ့်ကို သတ္တိရှိနေတာပဲ။

"မင်းမြင်လား သူတို့ဘာတွေပြောပြီး ‌အခုဘာတွေ လုပ်နေခဲ့တယ်ဆိုတာကိုလေ...
သူတို့က ဒီကို ငါသေသွားပြီလား ဆိုတာ သိချင်လို့ လာခဲ့တာ...ဟက်"

ယုယွမ်လှောင်ရယ်လိုက်ကာ...

"ငါကြောက်တာက သူတို့က ဒီလောက်နဲ့တော့ ကျေနပ်မှာ မဟုတ်တာကိုပဲ...
သူတို့တွေက အရမ်းကို တည်ငြိမ်နေတယ်။ငါထင်တာ ဒီကိစ္စမှာ လူတစ်ယောက်ထဲလုပ်တာတော့မဖြစ်နိုင်ဘူး..."

ငါ့မှာ ချမ်းသာတဲ့သခင်လေးရဲ့ကိုယ်ဝန်ရှိနေပြီ(မြန်မာဘာသာပြန်)ခဏရပ်နားWhere stories live. Discover now