"မပြန်ရတော့ဘူးလား"
ယူမီ့စိတ်ထဲကနေ ကြိတ်ရေရွတ်မိပေမယ့်
အပြင်မှာတော့ စကားတစ်ခွန်းမှ မဟရဲ။
ထုံကျင်လာတဲ့ခြေထောက်တွေကိုတောင်
ကြိတ်မှိတ်ဖိနှိပ်ရင်း ဘေးတစောင်း
နေရာမှာရှိတဲ့စာရွက်ထူတွေကြားက
လူကိုအကဲခတ်ကြည့်မိသည်။အခန်းကျယ်ကြီးထဲမှာရှိတဲ့
တိုင်ကပ်နာရီအကြီးကြီးဟာ
ည၈နာရီတိတိ အချိန်အခါကို
ညွှန်ပြနေသော်လည်း
စာရွက်ပုံတွေနှင့် အလုပ်များနေဟန်ရှိသည့်
လူသားက တစ်စက်ကလေးမှ
ခေါင်းထောင်မလာ။"ရှေ့နေကြီး"
တိုးတိုးလျလျလေး
လေထုလှိုင်းသေးသေးလေး
ဖြစ်ပေါ်ရုံလောက်ကလေး
လှမ်းခေါ်လိုက်မိတယ်။"အဲ့ပါးစပ်ကိုပိတ်ပြီး
အလုပ်ဆက်လုပ်နေလိုက်!"လေသံအေးအေးနဲ့ပြန်ပြောလာတဲ့လူ
ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရေနဲ့လောင်းချ
ခံလိုက်ရသလိုကို တုန်တက်သွားတယ်။
တကယ့်ကိုဒီတိုင်းအေးတိအေးစက်
ပြန်ဖြေလိုက်တာပါ
ဒါပေမယ့်ချိန်းခြောက်နေသလိုပဲ။မင်ဟျောင်း။အီမင်ဟျောင်းတဲ့
တရားလွှတ်တော်အထက်တန်းရှေ့နေကြီး။
လူတိုင်းနီးပါးလေးစားအားကျရတဲ့လူ။
အသက် ၃၂နှစ်အရွယ်မင်ဟျောင်းက
သူ့အသက်အရွယ်နဲ့မလိုက်ဖက်စွာဘဲ
ဒီနေရာကိုအရောက်လာနိုင်ခဲ့တာ။
သူရဲ့ပထမဆုံးလိုက်ခဲ့တဲ့ အမှုတစ်ခုကြောင့်။လွန်ခဲ့တဲ့ ၇နှစ်၊
ဝန်ကြီးဟောင်းရဲ့ သမီးအသတ်ခံရမှု
ကိစ္စမှာ အားလုံးက လက်ရှောင်ခဲ့ပေမယ့်
မင်ဟျောင်းက အဲ့ဒီ့အမှုကို လိုက်ခဲ့တယ်။
တရားခံဘက်က။တရားလိုဘက်မှာနာမည်ကြီး
ရှေ့နေတိုင်းရှိနေခဲ့ပေမဲ့
မင်ဟျောင်းကတော့ တရားခံဘက်က
ရှိနေခဲ့တဲ့ တစ်ဦးတည်းသော ရှေ့နေ။
တစ်ရက်ကလေးမှ တရားရုံး
ကြားနာရေးမရောက်ဘူးတဲ့
ရှေ့နေပေါက်စလေး။လူတိုင်းအထင်သေးခဲ့တဲ့
ရှေ့နေကလေးက သူတစ်ယောက်တည်း
အင်အားနဲ့ တရားခံဘက်ကနေ အမှုလိုက်ရင်း
အမှုကို အနိုင်နဲ့ပိုင်းရင်းနဲ့
သူရဲ့အစွယ်တွေကို ထုတ်ပြခဲ့တယ်။