"သဘောကျစရာကောင်းလိုက်တာ"
တစိမ်စိမ့်ကြည့်နေမိတဲ့ ကျောက်ရုပ်ထုဟာ
ဂျီဆောင်းကို လုံးဝကြီး နစ်မြောနေစေတဲ့အထိ
ကို ဆွဲအားပြင်းလွန်းတယ်အစုန်အဆန်ကိုကြည့်နေမိတဲ့ ဂျီဆောင်းမျက်ဝန်း
တွေက ရုပ်ထုရဲ့ အနုမြူရောင်နှုတ်ခမ်းပါးတွေ
ဆီအရောက်မှာတော့ တစ်ခုခုပေါက်ကွဲသလို။မိုးရေစက်ကလေးကို စောင့်မျှော်နေတဲ့
ပန်းကလေးတွေရဲ့ ခံစားချက်ကိုဂျီဆောင်းက
ခံစားမိလာသလိုပဲ။ရုပ်ထုရဲ့ နှုတ်ခမ်းသားတွေက မိုးစက်ကလေးနဲ့
တူနေတာကြောင့် ရုတ်တရက်ဆိုသလိုပဲ
အကြင်နာတွေပေးမိတယ်။ရုပ်ထုတွေမှာ အချိုဓာတ်တွေရှိနေတာလားမသိရပေမယ့် ဂျီဆောင်း အကြင်နာပေးမိတဲ့ ရုပ်ထုက
တော့ အတော့ကိုချိုတယ်။နင့်နင့်နဲနဲနမ်းရှိုက်မိနေရာကနေ ဂျီဆောင်း
သိသွားတာက အဲ့ဒီ့ရုပ်ထုကို
ဂျီဆောင်း ချစ်မိသွားတယ်ဆိုတာပဲ။*ဒေါက်*
"အ!"
ဂျီဆောင်းရဲ့နဖူးပေါ်ကို ရောက်လာတဲ့
လက်ဆစ်တစ်ခုကြောင့် အလန့်တကြားဖြစ်မိတော့ အသားညိုညိုနဲ့ကောင်လေးတစ်ယောက်။"ကုန်ပါပြီ ယောက္ခထီးရယ်"
အသံပြဲနဲ့ထအော်တဲ့ လူကိုကြည့်နေရာကနေ
ရုပ်ထုဘကိလှည့်ကြည့်မိတော့. ..."အောင်မလေး ဗျ"
မျက်ထောင့်နီနဲ့ကြည့်နေတဲ့
ရုပ်ထု နေ....နေပါဦး။"ပတ်ဂျီဆောင်း!"
......................
"အစ်ကို အများကြီးတောင်းပန်ပါတယ်
ငါ့ညီရယ် တကယ်ကိုတောင်းပန်ပါတယ်
တကယ်ကြီးတောင်းပန်ပါတယ်"အမှန်တကယ်ကြီးကို အနူးအညွှတ်
တောင်းပန်နေတဲ့ အစ်ကိုချန်းယောလ်ကြောင့်
ချန်းလော့က စိတ်ကိုဖြေလျော့လိုက်ရတယ်မဖြေလျော့လို့လည်းမရတော့ပါဘူး
ဟိုအူကြောင်ကြားမျက်နှာကိုကြည့်ပါဦးချန်းလော့ထိုးထားတဲ့လက်သီးရာတွေချည်းပဲ။
"မင်း ငါနဲ့လမ်းတွေ့ရင်တောင်
မပြုံးပြမိစေနဲ့"