ဟယ်ချန်းက ဒီရုံးမှာ
စတင်အလုပ်လုပ်လာခဲ့တာ
မနက်ဖြန်ဆို၆လပြည့်ပြီ။အရင်တုန်းက အတွေးဆို
နာမည်ကြီးရှေ့နေ
အီမင်ဟျောင်းထိုင်တဲ့
ရုံးမှာအလုပ်လုပ်တာမလို့
ချက်ချင်းအမှုသည်
ပေါ်လာမယ်ထင်ခဲ့မိတာအခုတော့ဟယ်ချန်းမှာ ပထမဆုံး
တရားခွင်ဆိုတာမရှိသေး။"ရှေ့နေဆိုတာ အမှုပဲရှာနေတာ"လို့
ပြောရင်လည်းပြောပါစေ
ဟယ်ချန်းကတော့တစ်ခုခု
ဖြေရှင်းချင်တာအမှန်ပဲ
ဘာမဟုတ်တဲ့ပြဿနာတစ်ခုတောင်
မဖြေရှင်းရသေးတဲ့ ဟယ်ချန်းက
ရှေ့နေကြီးနဲ့အတူ တရားခွင်လိုက်ပြီး
လေ့လာချင်မိတာ လွန်သွားမလား။ညာဘက်နားက
ရှေ့နေကြီးကို ခိုးကြည့်မိတော့
ဟယ်ချန်းကို ငေးကြည့်နေတဲ့
ရှေ့နေကြီးနဲ့ အကြည့်ချင်းဆုံ၏။ဟိုနေ့ ရုံးပြေးပြီးတည်းက
စိတ်တွေပုံမှန်မဟုတ်တာကြောင့်
ရှေ့နေကြီးကို မြင်ရင်
ရင်ထဲတစ်မျိုးကြီးခံစားနေရတာ။အတတ်နိုင်ဆုံးရှောင်ဖယ်ဖို့
တွေးခဲ့ပေမဲ့ တနေ့ကစပြီး
ရှေ့နေကြီးရဲ့လက်ထောက်
ဆိုတဲ့ရာထူးတိုးသွားခဲ့တယ်တကယ့်ကို ထက်မြက်တဲ့
ဆရာသမားနားမှာရှိနေတာက
အကောင်းဆုံးဆိုပေမဲ့
ဟယ်ချန်းကပျော်လည်းပျော်ရသလို
ရင်ထဲလည်း ကလိကလိ။"ဘာတွေတွေးနေတာလဲ"
မင်ဟျောင်းကသူ့ကို
အချိန်အကြာကြီး ပြူးကြည့်နေတဲ့
ကောင်လေးကိုမေးမိတယ်။"ကျွန်တော်လား"
သူ့ကိုယ်သူလက်ညှိုးထိုးနေတဲ့
ငကြောင်လေး။"မင်းမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ"
အခန်းကျယ်ကြီးထဲမှာ ရှိနေတဲ့
လူနှစ်ယောက်။
မင်ဟျောင်းနဲ့ဟယ်ချန်း။ဒီအခြေအနေတွေကို
ဖန်တီးထားတာကတော့
မင်ဟျောင်းကိုယ်တိုင်ပဲ။
မနက်အလုပ်လာတိုင်း
ဟယ်ချန်းက တခြားလူတွေနဲ့
ရယ်မောနေတာမြင်ရတော့
သိပ်သဘောမကျ။ဒါ့ပြင်အငယ်ဆုံးလေးဖြစ်တာမလို့
ပါးညှစ်လိုက်၊ဆံပင်ဖွလိုက်နဲ့
ဘယ်လိုမှကိုအချိုးကိုမပြေချင်တော့။