မေလ ၃ရက်၊ နေသာတဲ့နေ့။
ဂျီဆောင်းမှာထူးဆန်းတဲ့ အမူအကျင့်ရှိတယ်
အဲ့တာက သက်မဲ့တွေနဲ့ရန်ဖြစ်တတ်တဲ့
အလေ့အထ တစ်ခုပဲ။ပန်းပင်ပုတွေ၊သစ်ပင်ညိုတွေနဲ့ စကားပြောတတ်သလို၊ ကျောက်ရုပ်ထုတွေ အမွှေးပွရုပ်အကြီးကြီးတွေမြင်ရင်ရန်တွေ့တတ်တယ်။
အရာရာကိုစူးစမ်းစရာလို့မြင်နေတဲ့
ဂျီဆောင်းက ခုလည်း မီးဖိုဆောင်နားက
အလှပန်းအိုးကို ကြည့်နေပြန်ပါပြီ။မျက်လုံးနားမှာဝဲကျနေတဲ့ ဆံပင်ရှည်တွေက
ဂျီဆောင်းအတွက် စိတ်အနှောင့်အယှက်
မဖြစ်စေတဲ့ အဖော်မွန်ကောင်းတွေဖြစ်တဲ့အပြင်
တစ်လောကမှ ငွေဖြူရောင်
ဆေးဆိုးထားတာမလို့ပုံမှန်ထက်တောင်
ပိုကြည့်ကောင်းလာတယ်
ပြီးတော့ ဂျီဆောင်းမှာ ကြီးမားတဲ့
လက်ချောင်းရှည်ကြီးတွေရှိတယ်
ဖွံ့ဖြိုးမှုအားကောင်းတာထက်ပိုနေတဲ့
ဂျီဆောင်းက အရပ်ကလည်း ရွယ်တူတွေထက်
ခေါင်းတစ်လုံးပိုမြင့်တဲ့ အရပ်လည်းရှိတယ်။
ခြုံငုံသုံးသပ်ရရင်တော့ ဂျီဆောင်းက
ကောင်ချောလေးတစ်ယောက်။"သားငယ် ဒါလေး အဖေတို့ဆီသွားပို့ပေး"
အမေလုပ်သူက ဂျီဆောင်းထိုင်နေတဲ့
နားကို ထမင်းဘူးထုပ်လာချပေးတော့မှ
ဂျီဆောင်းအာရုံတွေက ပုံမှန်ပြန်ဖြစ်သွားတယ်။စက်ဘီးအစိမ်းရောင်လေးကို ပေါ့ပေါ့ပါးပါးနဲ့
ခပ်သွက်သွက်စီးနင်းလာတဲ့ ဂျီဆောင်းကို
လမ်းမှာတွေ့တဲ့ မိန်းကလေးငယ်တွေက
ငေးကြည့်ကြတယ်။လေအဟုန်ကြောင့်ငွေဖြူရောင်ဆံနွယ်တွေက
လေထဲမှာတလွင့်လွင့်မို့ ဂျီဆောင်းမျက်နှာဟာ
ရှင်းပြောင်နေပါရော။ဂျီဆောင်းရဲ့စက်ဘီးလေးက ပြတိုက်ရှေ့မှာ
ရပ်လိုက်တယ်။
ဂျီဆောင်းရဲ့ ဖေဖေနဲ့ အစ်ကိုအလုပ်လုပ်တဲ့
နေရာပေါ့။ ဂျီဆောင်းကလည်း အသက်ပြည့်ရင်
ဒီမှာ အလုပ်လုပ်ဖို့စိတ်ကူးမိပေမယ့်
ရုပ်ထုတွေနဲ့ ရန်ဖြစ်တတ်တဲ့ ဂျီဆောင်းရဲ့
အကျင့်ကြောင့် စိတ်ကူးကို စွန့်လွှတ်လိုက်တယ်။"အငယ်လေး"
ကော်ဖီထွက်ဝယ်ပုံရတဲ့ ဂျီဆောင်းအစ်ကို
ချန်းယောလ်က ဂျီဆောင်းကို မြင်တော့ အမြန်ပြေးလာပါလေရော။