Part 15

26.9K 2.2K 200
                                    

Unicode

"ကိုကိုနဲ့ပဲ အိပ်မယ်"

"မအိပ်ရဘူး လစ်တော့"

"ကိုကိုနဲ့ပဲ အိပ်မှာပါဆို"

"ဟ .. ညတိုင်းလာအိပ်နေလို့ ဘယ်ဖြစ်မလဲ .. မင်းဒယ်ဒီတို့နဲ့ သွားအိပ် .. သွား"

"သွားဘူး .. ကိုကိုရေ .. ကိုကို"

"ရားး ကင်မ်အာဂျေ .. အာပြဲမနေနဲ့"

ဂျွန်ဂျောင်ဂုရဲ့ချစ်လှစွာသောတူတော်မောင်ရဲ့အကြောကတော့ သူ့ဦးလေးဖြစ်တဲ့ ကိုယ်နဲ့ တစ်ထေရာတည်း။

အကြောမာချက်ကတော့ လက်ဖျားခါလောက်သည်။ ဂျောင်ဂုက အခန်းတံခါးက်ိုပိတ်ပြီး တံခါးရှေ့ကနေ သူ ဝင်မရအောင် ပိတ်ထားတာကို အတင်း အသံပြဲဖြင့် ကိုကိုဆိုပြီး အော်ခေါ်နေသည်။

ကျစ် .. ဒီသောက်ကလေးကတော့။

အိမ်ကိုရောက်တည်းက ကိုကိုနဲ့ပဲ အိပ်မယ်ဆိုပြီး သူနဲ့အတူ လာအိပ်နေတာ ဘယ်နှစ်ညမှန်း မသိတော့။

ဟိုတစ်ယောက်ကလည်း ကိုယ့်နဲ့သာ အတူမအိပ်တာ RJ နဲ့ကျတော့ ရင်ခွင်ထဲထိကို ထည့်ကာဖက်ထားလိုက်တာများ။

ညတိုင်းလဲ ဟိုသောက်ကလေးလေးက ပုံပြောပြဆို ပြောပြပြီး ချော့သိပ်ရတာအမော။ ကိုယ့်ကိုသာ စကား ဟ ဟ မပြောလို့ အ သွားပြီးထင်တာ။ RJ နဲ့ကျရင် တစ်ညလုံးကို ပေါက်ပေါက်ဖောက်နေလဲ သူ မမောဘူး။

သူတို့က ညတိုင်း ကုတင်ပေါ်မှာ ဟီးဟီးဟားဟားနဲ့ အိပ်ကြပြီး ကိုယ်ကျတော့ ဆိုဖာပေါ်မှာ။

RJ ဆိုတဲ့ဟာလေးကလည်း တခြားဟာဆိုရင်သာ Uncle Kook .. Uncle Kook နဲ့ တ နေတာ။ ဒါမျိုးကျရင် Uncle Kook အတူအိပ်ကြရအောင် ဘာညာတောင် တစ်ခွန်းမခေါ်ဘူး။

တော်တော် အားကိုးရတဲ့ ကောင် ..။

ဒီညတော့ ဂျောင်ဂု တင်းထားလိုက်ပြီ မရတော့ဘူး။ ညတိုင်းကျတော့ နည်းနည်းလွန်လာပြီ။ ကိုယ်ကသာ ကိုယ့်တူလေး ဒီတစ်ယောက်တည်း ရှိတာမို့ တုန်တက်နေအောင် ချစ်လိုက်ရတာ။ ဒင်းကတော့ ကိုယ့်ကို အထာမထားဘူး။

"ကိုကိုရေ .. ကိုကိုလို့"

"ဟေ့ကောင် .. တိတ်ပါဆို"

Created By JWhere stories live. Discover now