Part 18 🚨

40.7K 2.4K 195
                                    

Unicode

"ခွင့်ပြုပေးနိုင်မလား .. ကျွန်တော့်ကိုလေ"

သူ့ရဲ့စကားသံတွေက ဝေဝေဝါးဝါး။ ထယ်ယောင်း အရမ်းများ သောက်တာများသွားခဲ့တာလား .. ဒါမှမဟုတ် ကြားမိကြားရာ ကြားနေတာလား။

ထယ်ယောင်းကြားတာ မမှားဘူးဆိုရင် သူအခု သူ့ကိုယ်သူ "ကျွန်တော်" လို့ သုံးနှုန်းလိုက်တာလား။

"ဟင် .. ပြောပါဦး"

သူ့မျက်နှာကို ခပ်ထွေထွေလေး ငေးစိုက်ကြည့်နေသော ထယ်ယောင်းရဲ့ပါးပြင်လေးကို လက်မလေးနဲ့ ပွတ်ဆွဲကာ သူက မစောင့်နိုင်တော့ဟန်မေးသည်။

ထယ်ယောင်း အရမ်းမဟန်နိုင်လောက်အောင် မူးနေပေမယ့် သူဆိုလိုတဲ့ စကားကို နားလည်တာမို့

"ဟင့်အင်း"

ထယ်ယောင်း သူ့ကို ငြင်းပယ်ကာ နောက်ဆုတ်လိုက်တော့ သူက အားမလို အားမရ ရှေ့တိုးလာသည်။

"ထယ် ဘာမှလုပ်စရာမလိုဘူး .. ကျွန်တော်ကပဲ ဦးဆောင်မယ်လေ ... ကျွန်တော့်ရဲ့ ဦးဆောင်မှုအတိုင်း ထယ်က အလိုက်သင့်လေး လိုက်လာရုံပဲ .. နော်"

ထယ်ယောင်းရဲ့ဆံပင်လေးတွေက်ို ခပ်ဖွဖွလေး သပ်ပေးနေရင်း ချော့မော့ပြောနေသလို။

"ကြည်နူးစရာလေးတွေက်ို ဖြေးဖြေးချင်း အတူတူအရသာခံကြရအောင်လေ .. နော်"

" ... "

"အလျင်စလိုကြီးလုပ်တာတော့ မဟုတ်ပေမယ့် ထယ်နဲ့အတူ ကြည်နူးစရာ အခိုက်အတန့်လေးကို အတူဖြတ်သန်းချင်ရုံပါ .. ဖြည်းဖြည်းလေးနဲ့ နူးနူးညံ့ညံ့လေးပေါ့"

"ဟင့်အင်း .. ဟင့်အင်း"

မူးနေတဲ့ကြားထဲက ထယ်ယောင်း အားတင်းပြီး ခေါင်းကို သွက်သွက်ခါရမ်းလိုက်လျှင် သူက ရှေ့ကို တိုးတိုးလာပြန်သည်။

"ထယ့်ရဲ့လည်တိုင်လေးကို ကျွန်တော်က ဖြည်းဖြည်းလေး စ နမ်းမယ် .. ဒီလိုလေးပေါ့"

သူက ထယ်ယောင်း လည်တိုင်လေးတစ်လျှောက်ဆီသို့ နူးနူးညံ့ညံ့လေး နမ်းလာသည်။

"မ .. မလုပ်ပါနဲ့"

ထယ်ယောင်း သူ့ကို တွန်းထုတ်ကာ ငြင်းလိုက်တော့ သူက ရပ်သွားပြီး မျက်လုံးတွေကို စူးစိုက်ကြည့်ရင်း

Created By JWhere stories live. Discover now